အမြန်လမ်းမှာ သာသနာနံပါတ်ပြားနဲ့ ယာဉ်ငယ်တစ်စီး အရှိန်လွန်တိမ်းမှောက်

ဇန်နဝါရီ ၂၄

အမြန်လမ်း ၁၅၁ မိုင်မှာ သာသနာနံပါတ်ပြားနဲ့ ယာဉ်ငယ်တစ်စီး မတော်တဆမှု ဖြစ်ပွားပြီး ရဟန်းနှစ်ပါး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ တောင်ငူအခြေစိုက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ကားမှာ အရှိန်လွန်တိမ်းမှောက်တယ်လို့ ကနဦးသိရပြီး မောင်းနှင်လာတဲ့ ကပ္ပိယပါမပါတော့ သေချာမသိရဘူးလို့လည်း ဆိုပါတယ်။ ဒဏ်ရာရ ရဟန်းနှစ်ပါးက တောင်ငူမြို့အနီး ဖားအောက်တောရကျောင်းတိုက်ကလို့ သိရှိရပြီး ရန်ကုန်ဘက်ကိုဦးတည်တဲ့လားရာအတိုင်းမောင်းနှင်လာစဉ် မတော်တဆဖြစ်ပြီး လမ်းဘေးထိုးကျ တိမ်း‌မှောက်ခဲ့တာလို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။

ဒဏ်ရာရရှိတဲ့ ရဟန်းနှစ်ပါးကို ရွှေမင်းဝံ လူမှုကူညီရေးအသင်း ၊ Save The Trees Rescue Team လူမှုကူညီရေးအသင်းတို့က သူနာတင်ယာဉ်တွေနဲ့ တောင်ငူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage
+5