26 w - Translate

☀️ နွေရာသီနှင့် အပူဒဏ်အန္တရာယ် 🔥
📌 အပူလှိုင်းတစ်ခု ကြုံတွေ့နေစဉ်အတွင်း အပူဒဏ် ခံစားရသူများကို ကူညီပေးပါ။
👉 အိမ်တွင် တစ်ယောက်တည်းနေထိုင်သော မိသားစု၊ သူငယ်ချင်းများနှင့် အိမ်နီးနားချင်းများကို ဂရုစိုက်ပေးပါ။
👉 သက်ကြီးရွယ်အိုများ (သို့) ဖျားနာသူများထံ နေ့စဉ် အနည်းဆုံး သွားရောက်ကြည့်ရှုပေးပါ။
👉 အပူပြင်းထန်ခြင်းဆိုင်ရာ အရေးပေါ်အခြေအနေများနှင့် အခြားသော အရေးပေါ်အခြေအနေများ၏ ကုသနည်းကို လေ့လာရန် ရှေးဦးသူနာပြုသင်တန်းကို တက်ပါ။
📌 အပူလှိုင်းကြောင့် နေမကောင်းဖြစ်လျှင်
👉 မူးဝေခြင်း၊ အားနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း (သို့) အလွန်အမင်း ရေငတ်ခြင်းနှင့် ခေါင်းကိုက်ခြင်းရှိပါက အကူအညီရယူပါ။
👉 အေးသောနေရာသို့ အမြန်ဆုံးရွှေ့ပါ။
👉 ရေဓါတ်ပြန်ဖြည့်ဖို့ ရေသောက်ပါ။
👉 ဆေးဝါးများကို 𝟮𝟱°𝗖 အောက် သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထားပါ။
📌 အပူလှိုင်းတစ်ခု ကြုံတွေ့နေစဉ်အတွင်း သင့်ကိုယ်သင် အေးမြစေပြီး ရေဓါတ်ပြည့်၀အောင် နေထိုင်ပါ။
👉 ရေမှန်မှန် သောက်ပါ။
👉 အရက်၊ ကဖိန်းဓါတ်နှင့် သကြားဓါတ် အလွန်အကျွံစားသုံးခြင်းမှ ရှောင်ပါ။
👉 အစားနည်းနည်းစားပြီး မကြာခဏ ပိုစားပါ။
👉 ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ဝတ်ဆင်ပါ။
👉 ဦးထုပ် သို့မဟုတ် နေကာမျက်မှန် ဝတ်ဆင်ပါ။
👉 အေးမြသောရေဖြင့် ရေချိုးပါ။
📌 အပူလှိုင်း တလျှောက်လုံး အပူဒဏ်မခံရအောင် ကြိုးစားပါ။
👉 အရိပ်ထဲမှာ နေပါ။
👉 တစ်နေ့တာ၏ အပူဆုံးအချိန်များတွင် အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။
👉 တတ်နိုင်သမျှ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
👉 ရပ်ထားသောယာဉ်များတွင် ကလေး သို့မဟုတ် တိရစ္ဆာန်များကို ချန်မထားပါနှင့်။
☺️ ဒါကြောင့် 𝗭𝗶𝗳𝗮𝗺 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗙𝗮𝗻𝘀 တို့အားလုံးလည်း ပူပြင်းလှသော နွေရာသီ အပူဒဏ်ကို ဂရုစိုက်ပြီး နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အထက်ပါအကြောင်းအရာများနှင့် အသိပညာပေးပုံများကို 𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗹𝘁𝗵 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 (𝗪𝗛𝗢) 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 မှ ကူးယူတင်ပြထားခြင်း ဖြစ်ပါတယ်။
𝗖𝗿𝗲𝗱𝗶𝘁 𝗧𝗼 𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗹𝘁𝗵 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 𝗠𝘆𝗮𝗻𝗺𝗮𝗿

image
image
image
image