5 w - Translate

ရှေ့တော်မောက် အရောက်လာတော့မယ့် Chery ရဲ့ iCar V23 electric off-road SUV

တရုတ်နိုင်ငံအခြေစိုက် ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chery ကနေ သူတို့ရဲ့ iCar Band ကနေ iCar V23 electric off-road SUV ကားသစ်ကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဈေးကွက်ထဲ တရားဝင် ဝင်ရောက်လာတော့မှာ ဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါပြီ။ ဒါ့အပြင် ပေးပို့မှုတွေကိုလည်း ဒီဇင်ဘာလထဲမှာတင် ချက်ချင်းလုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အဆိုပါကားသစ်ကို နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ Guangzhou Auto Show မှာ Pre Sale အဖြစ်ရောင်းချခဲ့ပြီး 15,100 USD – 20,600 USD ဝန်းကျင်ဈေးနှုန်းဖြင့် trims level နှစ်မျိုး ရောင်းချပေးခဲ့တာပါ။

iCar V23 ရဲ့ ဒီဇိုင်းက hard-core off-road style မျိုးဖြစ်ပြီး smoked front grille မှာ iCar Logo နဲ့အတူ Headlights မီးဝိုင်းတွေကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် လူကြိုက်များတဲ့ square box shape အတိုင်းရှိနေပြီး roof luggage rack, hidden door handles တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

Horizon Robotics J3 chip နဲ့ Texas Instruments TDA4 chip တွေထောက်ပံ့ပေးထားတဲ့ iCar V23 ရဲ့ Advanced driving assistance capabilities တွေက အဓိက Highlight ပြစရာဖြစ်နေပြီး 8-megapixel front-view camera, a 3-megapixel surround-view camera, five millimeter-wave radars, and 12 ultrasonic radars, supporting functions such as high-speed navigation, emergency lane keeping, traffic jam assistance, automatic parking, remote parking, and memory parking အစရှိ စနစ်တွေပါဝင်လာပါတယ်။

iCar V23 ကားသစ်က အရွယ်အစားအားဖြင့် 4220/1915/1845 mm ရှိပြီး Wheelbase 2735 mm ရှိပါတယ်။ departure angle is 40° or 41°, approach angle 42° or 43°ရှိပြီး minimum ground clearance ကတော့ trim အပေါ် မူတည်ပြီး 200 mm or 210 mm ရှိမယ်လို့ ဆိုပါတယ်။ ရွေးချယ်စရာ exterior အရောင်အနေနဲ့ကလည်း orange, black, gray, green, silver, and white ဆိုပြီး ရရှိနိုင်ဦးမှာပါ။

Cockpit အပိုင်းအတွက်ဆိုရင် Qualcomm Snapdragon 8155 chip ထည့်သွင်းပေးထားတဲ့ 15.4-inch 2.5K central control screen ကို တွေ့မြင်ရမှာဖြစ်ပြီး CarPlay လည်း support လုပ်ပါသေးတယ်။ အတွင်းပိုင်းမှာတော့ 2×2 layout ဖြစ်ပြီး အနောက်ခန်းထိုင်ခုံတွေကို ခေါက်လိုက်ရင် 744 L flat space ရှိတယ်လို့ ဖော်ပြထားပြီး အရှေ့ထိုင်ခုံတွေကလည်း electrically adjustable လုပ်လို့ရမှာ ဖြစ်ပါတယ်။

Chery iCar V23 electric SUV ကားသစ်က RWD နဲ့ AWD နှစ်မျိုးလုံး ရရှိနိုင်မှာပါ။ RWD ရဲ့ စွမ်းဆောင်ရည်အပိုင်းမှာတော့ 100 kW (134 hp)/180 Nm electric motor ကို ထည့်သွင်းပေးထားပြီး AWD မှာတော့ 55 kW (74 hp)/112 Nm front electric motor တစ်ခု အပိုပါဝင်လာပါတယ်။ ဒါ့အပြင် 0 – 100 km/h acceleration time ကို 7.5 seconds အတွင်းမောင်းနှင်နိုင်မယ်လို့လည်း ဆိုပါတယ်။

RWD မှာ 401 km CLTC range မောင်းနှင်နိုင်မယ့် 59.93 kWh lithium iron phosphate battery pack ကို အသုံးပြုထားပြီး AWD မှာတော့ 81.76 kWh ternary lithium battery pack ကို ထည့်သွင်းပေးထားပြီး 501 km CLTC range မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ Charging အပိုင်းမှာဆိုရင်လည်း fast charging စနစ်နဲ့ အားသွင်းမယ်ဆိုရင် 30% to 80% ကို 30 minutes သာ ကြာမြင့်မှာဖြစ်ပြီး 3.3kW external discharge function ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

EV ကားဈေးကွက်ထဲမှာမြို့တွင်းသုံးလျှပ်စစ်ကားတွေနဲ့အတူ off-road ကားတွေလည်း ခေတ်စားလာတာကြောင့် iCar V23 electric off-road SUV ကရော ဘယ်လောက်အထိနေရာယူနိုင်မလဲ ဆိုတာ စောင့်ကြည့်ရင်း မိတ်ဆွေတို့အနေနဲ့ဆိုရင်ရော အကြိုက်တွေ့နိုင်မလားဆိုတာကို ထင်မြင်ချက်လေးတွေမျှဝေပေးခဲ့လို့ရပါတယ်။

image