ဆိုင်နာမည်လေးက “လွမ်းစာ”
“လွမ်းစရာရှိရင် လွမ်းစာ နဲ့ဖြေ” တဲ့
လွမ်းစာ ဆိုတဲ့ အတိုင်းပဲ ဆိုင်လေးထဲမဝင်ခင် ဆိုင်ရဲ့ဘေးပတ်ဝန်းကျင်က ငှက်သံလေးတွေ၊ သစ်ရွက်လှုပ်သံလေးတွေ၊ သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းလေးတွေ နဲ့ တစ်စုံတစ်ယောက်ကို လွမ်းမိသလိုလို၊တစ်နေရာရာကို သတိရမိနေသလိုလို ဆိုတဲ့ ခံစားချက်လေး ပေးတဲ့ ဆိုင်လေးပါ။
အိမ်ဆိုင်လေးဖြစ်ပြီး အညာဒေသဘက်မှာပဲ ရနိုင်တဲ့ အရွက်သုပ်လေးတွေမျိုးစုံရနိုင်တဲ့ ဆိုင်လေးတစ်ခုပေါ့။ သန့်သန့်ရှင်းရှင်းလေးနဲ့ အေးအေးဆေးဆေး အသုပ်လေးတွေစားချင်ရင်တော့ ဒီဆိုင်လေးကို ညွှန်ပါရစေ။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၇ နာရီထိဖွင့်ပါတယ်။
မနက် ၁၁ လောက်ရောက်သွားတော့ လူလဲရှင်းပြီး စားပြီးတဲ့အခါ ငှက်သံလေးတွေနားထောင်ရင်း ဆိုင်ရဲ့ဘေးပတ်ဝန်းကျင်ထိပါ လမ်းလျှောက်ဖြစ်ခဲ့ပါသေးတယ်။
Rating အရ ⭐️⭐️⭐️⭐️⭐️ ပေးရမယ်ဆိုရင်
သန့်ရှင်းမှု - ⭐️⭐️⭐️⭐️⭐️
ဝန်ဆောင်မှု - ⭐️⭐️⭐️⭐️⭐️
အရသာ - ⭐️⭐️⭐️⭐️⭐️
နေရာထိုင်ခင်း - ⭐️⭐️⭐️⭐️⭐️
စျေးနှုန်း - ⭐️⭐️⭐️⭐️⭐️
(Menu နဲ့ စျေးနှုန်းလေးတွေ နောက်ဆုံး မှာ ထည့်ပေးထားပါတယ်နော်)
🏡 - တိုက်အမှတ်(၂၃၀)၊ အခန်းအမှတ် (၃)၊ ရန်ငြိမ်းလမ်းသွယ် (၂)၊ ၆-ရပ်ကွက်၊ ရန်ကင်းမြို့နယ်။
ကန်ဘဲ့လမ်းဘက်ကနေဝင်ရင်တော့ ပိုအဆင်ပြေပါတယ်။
‼️ တနင်္လာနေ့ တိုင်း ဆိုင်ပိတ်ပါတယ်တဲ့ရှင်။
☎️ - 09956667060, 09956665757 ကို ဖုန်းဆက်ပြီး ကိုယ်စားချင်တဲ့ အသုပ်လေးတွေ ရ/မရ ကြိုမေးထားရင်တော့ ပိုအဆင်ပြေတာပေါ့။
#thetchewyjourney #foodreview #လွမ်းစာ #အသုပ် #ရန်ကင်း #lwansar #yankin
လွမ်းစာ - လွမ်းစရာဒေသစာ
#crd


