ပြည်ခိုင်ဖြိုးပါတီနှင့် United Russia ပါတီအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင်နိုင်ဆောင်ရွက်နိုင်မည့် အခြေအနေများဆွေးနွေး
နေပြည်တော်၊ ဒီဇင်ဘာ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ H.E.Mr Sholban Kara-Ool နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသံရုံး သံအမတ်ကြီး H.E.Mr ISKANDER Azizov အား ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ ၅ နာရီချိန်တွင် ပါတီဌာနချုပ်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် United Russia ပါတီအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင်နိုင်ဆောင်ရွက်နိုင်မည့် အခြေအနေ များအား ဆွေးနွေးခဲ့ကြသည်။
#သတင်းဟင်းလေးအိုးကြီး

