NSPNC နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ ယနေ့ တွေ့ဆုံ၍ ၂၀၀၈ အခြေခံဥပဒေတွင် ပြင်ဆင်ရန်သင့်သည့် ပြဋ္ဌာန်းအချက်များနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေး

ဒီဇင်ဘာ ၆

နိုင်ငံရေးပါတီကိုယ်စားလှယ် ၆ ဦးက အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတနှင့်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ၊ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ဖွဲ့စည်းခြင်း၊ ဖက်ဒရယ်အာဏာခွဲဝေမှုနှင့် အခွန်အခခွဲဝေမှု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဒေသတွင်း အတွေ့အကြုံများ၊ ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ ခေတ်မီနိုင်ငံတစ်ခုအတွင်း ဘာသာစကား၊ အခြားကွဲပြားမှုများနှင့် လိုက်လျောညီထွေနေထိုင်ခြင်း ခေါင်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ NSPN အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်(ငြိမ်း) က ကော်မတီနှင့် နိုင်ငံရေးပါတီအစု အဖွဲ့များ၏ အလုပ်အဖွဲ့တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်နိုင်ရေး သဘောထားစုစည်းရရှိခဲ့သည့် အချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅ ဦးက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားများ၊ အကြံပြုချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေး ပြောကြားကြပြီး တွေ့ဆုံပွဲ ပထမနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image