ဒဂုံအရှေ့ပိုင်းစက်မှုဇုန်ရှိ ကော်စေ့စက်ရုံမှာ Level-2 အဆင့် မီးလောင်မှုဖြစ်ပွား
………………………………………………

နေပြည်တော်၊ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းရှိ ကော်စေ့စက်ရုံမှာ Level-2 အဆင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ထိုကော်စေ့စက်ရုံမှာ ဒီဇင်ဘာလ ၅ ရက် ည ၆ နာရီ ၅၇ အချိန်ခန့်တွင် မီးစတင်လောင်ကြောင်း သတင်း ရရှိသောကြောင့် Level-1 ယာဉ်အုပ်စုမှ ထွက်ခွာမီးငြှိမ်းသတ်ပြီးနောက် ၉ နာရီ ၃၂ အချိန်တွင် Level-2 ယာဉ်အုပ်စုများထွက်ခွာမီးငြှိမ်းသတ်လျက်ရှိရာ ထိုမီးမှာ ဒီဇင်ဘာလ ၆ ရက် နံနက် ၃ နာရီ ၄၁ မိနစ်အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

“ကော်စေ့တွေထားတဲ့ ကော်ကြမ်းကုန်ကြမ်းကန်ကနေစလောင်တာလို့တော့ သိရတယ်။ အတိအကျကိုတော့ လက်ရှိစစ်ဆေးနေဆဲပါ။ အဲ့နားက စက်ရုံတွေက ရေလောင်ကန်မရှိတော့ ရေတွက်နည်းနည်း အခက်အခဲရှိ တယ်။ ပြီးတော့ အဲ့နားမှာ သဘာဝရေကန်တွေလည်း သိပ်မရှိတော့ ရေတွက်နည်းနည်းအခက်အခဲရှိတယ်။ မီးလောင်တဲ့ စက်ရုံက တစ်ဧကကျော်ကျော်ရှိတယ်။ တပ်ဖွဲ့ဝင်တစ်ဦးလည်း ခြေထောက်မှာ ဒဏ်ရာရ တာရှိတယ်” လို့ မြေပြင်သို့ မီးသွားရောက်ငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

imageimage
+5