20 ပတ် - ဘာသာပြန်ပါ။

အိန္ဒိယနိုင်ငံထဲမှာ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးတင်းမာ
………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆

ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒိူလူနည်းစုတွေ ဖိနှိပ်ခံရမှုနဲ့ ပတ်သက်ပြီး ဆက်ဆံရေးတင်းမာနေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရပြည်နယ်မှာရှိတဲ့ အဂ္ဂါတာလာမြို့မှာ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးတစ်ခုကို ဟိန္ဒိူ ဆန္ဒပြသူတွေက တနင်္လာနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားပြီးနောက် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး အေးစက်လာခဲ့ရာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒိူလူနည်းစုတွေကို ဖိနှိပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကြာသေးခင်ရက်တွေအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုးရွာလာခဲ့ပါတယ်။

ဒီကြားထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဟိန္ဒိူဘုန်းတော်ကြီးချင်းမွိုင်ခရစ္စရှနားဒက်စ်ကို နိုင်ငံတော်အကြည်ညိုပျက် စေမှုနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အတွက် အိန္ဒိယနိုင်ငံ လေးငါးနေရာမှာ ဆန္ဒပြမှုတွေ ပေါ်ထွက်လာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရပြီး နောက်နေ့မှာတော့ ဘင်္ဂလားဒ့ရှ်နိုင်ငံမှာရှိတဲ့ အိန္ဒိယသံအမတ်ကို ဘင်္ဂလား ဒေ့ရှ်အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။

“အဂ္ဂါတာလာမြို့က လုပ်ရပ်ဟာ ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗန်းရှင်းမှာ ဖော်ပြထား တဲ့ သံတမန်အဖွဲ့ အစည်းတွေကို တိုက်ခိုက်ခြင်းမပြုရဘူးဆိုတဲ့ စည်းကမ်းချက်ကို ချိုးဖောက်လိုက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ ဒီဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးဖို့တောင်းဆိုပါတယ်။” လို့ ဘင်္ဂလားဒေ့ရှ် နိုင် ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းရပါကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပြီး အဲဒီတိုက်ခိုက်မှု ဖြစ်စဉ်မှာ ဆက်နွယ်တဲ့ အရပ်သား ၇ ဦးနဲ့ ရဲအရာရှိ ၃ ဦးကို အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

ဟိန္ဒိူဘုန်းတော်ကြီး ဒက်စ်ကို ဖမ်းဆီးမှုဟာ တင်းမာမှုရဲ့နောက်ဆုံးအကြောင်းရင်းဖြစ်နိုင်ပေမဲ့ ဝန်ကြီးချုပ် ဟောင်းဟာဆီနာကို အိန္ဒိယက နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်ကတည်းက နှစ်နိုင်ငံဆက်ဆံရေးက တဖြည်းဖြည်း အေးစက်တင်းမာလာတာဖြစ်ပါတယ်။

အမြင်မတူတဲ့သူတွေကို ဖိနှိပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဟာဆီနာအစိုးရကို ၁၅ နှစ်တိုင် တိုင် ထောက်ခံခဲ့တဲ့ အိန္ဒိယအစိုးရကို ဘင်္ဂလားဒေ့ရှ်အတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဒေါသထွက် နေတာ ကြာပြီဖြစ်ပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရအဖွဲ့ကို အိန္ဒိယနိုင်ငံထဲကနေ ဟာဆီ နာက ဝေဖန်တိုက်ခိုက်ခဲ့တဲ့ သြဂုတ်လကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အိန္ဒိယဆန့်ကျင်ရေးစိတ်ဓာတ်တွေ မြင့် တက်လာခဲ့တာဖြစ်ပါတယ်။

သံတမန်မီးပုံထဲကို ဓာတ်ဆီလောင်းထည့်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုထဲမှာ မိုဟာမက်ယူနွတ်ပါဝင်ပတ်သက်နေ တယ်လို့ ဟာဆီနာက ဒီဇင်ဘာ ၄ ရက်နေ့က စွပ်စွဲလိုက်ပါတယ်။

Ref: Bangladesh mission in India attacked: Why are ties in freefall?

#centralnewsnaypyitaw

image
image
image