20 ပတ် - ဘာသာပြန်ပါ။

ဆန်စပါး သိုလှောင်ရုံပေါင်း (၃၅ဝဝ) ကျော်မှ မှတ်ပုံတင်ထားပြီးဖြစ်

ဆန်စပါးသိုလှောင် ဈေးကစားခြင်းမဖြစ်စေရန် သိုလှောင်ရုံမှတ်ပုံတင်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ သိုလှောင်ရုံပေါင်း (၃၅ဝဝ) ကျော် မှတ်ပုံတင်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

"ဆန်းပါးကို သိုလှောင်ပြီး ဈေးကစားတာမျိုးမဖြစ်အောင် သိုလှောင်ရုံမှတ်ပုံတင်တဲ့စနစ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကအဆိုပြုပြီး နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စတင်ဆောင်ရွက်နေပါတယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အပါအဝင် ပြည်နယ်အားလုံးမှ မှတ်ပုံတင်စနစ်ထဲဝင်လာသည့် သိုလှောင်ရုံပေါင်း (၃၅၀၀) ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင် ကုမ္ပဏီအသင်းဝင် (၁၃၀၀) ခန့်ရှိပြီး တောင်ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် ပြည်တွင်းကုမ္ပဏီ (၁၀၀) ခန့်က ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ "ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်" အရ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂၅ ၀၀) နှင့်အထက် သိုလှောင်မှုများအား Myanmar Rice On line-MyRO တွင် ဒီဇင်ဘာ (၂၄) ရက်မတိုင်မီ မှတ်ပုံတင် စာရင်းသွင်းရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထပ်မံအသိပေးထားသည်။

image