20 ပတ် - ဘာသာပြန်ပါ။

ဒဂုံအရှေ့စက်မှုဇုန် မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရသူအချို့ရှိ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံအရှေ့စက်မှုဇုန်ရှိ ကော်စေ့စက်ရုံတွင် ယနေ့ည ၆ နာရီ ၅၇ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားနေပြီး ဒဏ်ရာရသူအချို့ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဒဂုံအရှေ့စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းရှိ စက်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားသဖြင့် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အချို့မှမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level-1 အဆင့်ဖြင့်ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြပြီး တစ်နာရီကျော်ခန့်အကြာ အထိ ည ၈ နာရီ ကျော်အထိ မီးငြှိမ်းသတ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကာ မီးလောင်မှုဖြစ်စဥ်၌ မီးသတ်တပ်ဖွဲ့ဝင်အချို့နှင့် လူမှုကူညီရေးအဖွဲ့ဝင်အချို ထိခိုက်ဒဏ်ရာရရှိနေကြောင်း သိရသည်။

image