21 ပတ် - ဘာသာပြန်ပါ။

မြန်မာ့အတာသင်္ကြန် ယူနက်စကို ဒြပ်မဲ့စာရင်းဝင်ဖြစ်ပြီ

ဒီဇင်ဘာ ၅

ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပနေတဲ့ ယူနက်စကိုရဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှုညီလာခံကနေ “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုစာရင်း(ICH) ထဲ ဒီဇင်ဘာ ၅ ရက်နေ့က ထည့်သွင်းကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ “အတာသင်္ကြန်ပွဲတော်”ဟာ ယူနက်စကိုရဲ့ ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက်မှာ အတည်ပြုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာရိုးရာ “အတာသင်္ကြန်ပွဲတော်”ဟာ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းထဲကို ပထမဆုံး ပါဝင်လာတဲ့ မြန်မာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဖြစ်လာပါတယ်။

ထိုင်းရဲ့ ဆုန်ကရန်သင်္ကြန်ပွဲကတော့ မြန်မာထက်တစ်နှစ်စောပြီး ၂၀၂၃ ခုနှစ်က ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှုစာရင်း ဝင်ခဲ့တာဖြစ်ပါတယ်။ မြန်မာအတာသင်္ကြန်ကို မြန်မာနိုင်ငံက ၂၀၂၃ မတ်လ စပြီး ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ စတင်တင်သွင်းခဲ့တာဖြစ်ပါတယ်။

သင်္ကြန်ပွဲတော်လို ရေကစားပွဲတော်တွေကို မြန်မာအပြင် အိမ်နီးချင်း ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာလည်း ဧပြီလအတွင်းမှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၄ ပါရာဂွေး ယူနက်စကို ညီလာခံကနေ မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ တုန့်ယန်းဟင်းချို၊ မြောက်ကိုရီးယားနိုင်ငံရဲ့ ရိုးရာအမျိုးသမီးဝတ်စုံ၊ မလေးရှားနိုင်ငံရဲ့ အစားအစာတစ်မျိုးလည်း ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုစာရင်း(ICH) ထဲဝင်ခဲ့ပါတယ်။

ဒါအပြင် စင်္ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေနဲ့ ထိစပ်ပတ်သက်နေတဲ့ “ကဘာရာ” ဝတ်စုံလည်း ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုစာရင်း(ICH) သွင်းခံခဲ့ရပါတယ်။

#centralnewsnaypyitaw

image