ယောက်ျားတိုင်း လိုလို ချင်ချင်နဲ့
မက်မောတဲ့ မိန်းမဆိုတာ
ယောက်ျားတစ်ယောက်က ပြောတယ်……
(၁) မိန်းကလေးတစ်ယောက်ဟာ
သိပ်ချောသိပ်လှစရာမလိုဘူး။
လူကြားသူကြားထဲခေါ်ထွက်လို့ရပြီး
အိမ်အပြန်ခေါ်ပြန်လာလို့ရရင် ရပြီ။
(၂) ဖြစ်ခဲ့ဖူးတဲ့အတိတ်ကို ငါလိုက်မမေးဘူး။
ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက်
ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။
(၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာ
လုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ
အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို
ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့အား ငါ့မှာရှိတယ်။
(၄) တခြားလူလောက် ငါချမ်းသာချင်မှ
ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ
နင့်ကိုပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်။
(၅) နင့်အနားမှာ ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ
ပြုနိုင်မယ်။ ဒီအိမ်အတွက် ငါအပြင်ထွက်
ရုန်းကန်ရမယ်။ ဒါပေမယ့် ငါ့ဖုန်းဘယ်တော့မှ
ပိတ်မထားဘူး… ဘယ်အချိန်ဖြစ်ဖြစ်
ငါ့ကို နင်ရှာတွေ့နိုင်စေရမယ်။
(၆) သူငယ်ချင်းတစ်သိုက်နဲ့ ငါ ထွက်သောက်
ဖြစ်တဲ့အခါတိုင်း နင့်ကိုငါခေါ်သွားမှာမဟုတ်ဘူး။
ဒါပေမယ့် ခမ်းခမ်းနားနားကျင်းပတဲ့ပွဲမှန်သမျှ
နင့်ကို ငါဂုဏ်ရှိရှိတွဲခေါ်ပြီး လူတွေနဲ့မိတ်ဆက်
ပေးလို့ရတယ်။
(၇) တချို့ကပြောတယ်.. မိန်းမယူတာ
ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်းဖို့တဲ့။
ငါတော့ ဒီလိုမထင်ဘူး။ အိမ်မှုကိစ္စတွေကို
ငါခွဲဝေကူလုပ်ပေးနိုင်တယ်။ ဒါပေမယ့်
ငါလုပ်တယ်ဆိုပြီး နင်မလုပ်တော့တာ မဖြစ်ပါစေနဲ့။
(၈) ဝမ်းနည်းတဲ့ဘယ်လိုကိစ္စမျိုးမဆို
ငါ့ကို နင်ပြောပါ။ ငါရဲ့ခိုင်ခံ့တဲ့ပခုံးနဲ့
နင့်ကိုငါအမှီပေးမယ်။
(၉) ငါ့မှာ ယောက်ျားမာန်ဆိုတာရှိတတ်တယ်။
အပြင်မှာ၊ ငါ့မိတ်ဆွေသူငယ်ချင်းရှေ့မှာ
ငါ့ကိုမျက်နှာသာပေးဖို့ မမေ့ပါနဲ့။
အိမ်မှာ နင့်ကို ငါမျက်နှာသာပေးထားတယ်။
(၁ဝ) နင်အရမ်းရင့်ကျက်ဖို့ ငါမလိုဘူး။
ရင့်ကျက်တဲ့မိန်းမတစ်ယောက်ဟာ
အရမ်းမောရတတ်တယ်။ ငါ့ကို နင်ချွဲနွဲ့လို့ရတယ်။
နင့်ကို ဂရုစိုက်ကာကွယ်တာဟာ
ငါရဲ့တစ်သက်တာ တာဝန်ပါ။
(၁၁) တစ်ချိန်ချိန်မှာ ငါပိုက်ဆံမရှိတော့သွားတဲ့အခါ
ငါ့ရဲ့အရည်အချင်းကို နင်အကဲမဖြတ်ပါနဲ့။
ဘဝဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပါပဲ။
ငါတို့ဖြတ်သန်းနေတာက နေ့ရက်တွေကိုပါ။
ငွေကြေးကိုဖြတ်သန်းနေတာ မဟုတ်ပါဘူး။
မိန်းကလေးတွေ လိုချင်တာ သိပ်မများဘူး။
ယောက်ျားလေး လိုချင်တာလည်း သိပ်မများဘူး။
လိုချင်တာချင်း တူချင်မှတူလိမ့်မယ်ဆိုပေမယ့်
ချစ်ခြင်းမေတ္တာအဓွန့်ရှည်ဖို့၊ တည်တံ့ခိုင်မြဲဖို့၊
သာယာချမ်းမြေ့ဖို့၊ အချင်းချင်းနားလည်မှု
ရယူနိုင်ဖို့ကတော့ တူကြပါလိမ့်မယ်။
တချို့ကပြောတယ်…
မိန်းမက ရေ၊ ယောက်ျားက ရွှံ့ပါတဲ့။
အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုရဲ့ လှပပြီး
ပြည့်စုံပုံသဏ္ဍာန်ကို ဖော်နိုင်ဖို့ ရွံ့နဲ့ရေရဲ့
ပေါင်းစပ်မှုပေါ်မှာ မူတည်သတဲ့။
ရွံ့များရင် လိုချင်တဲ့ပုံသဏ္ဍာန်ကို လုပ်လို့မရနိုင်ဘူး။
ရေများရင် ရွံ့ပျော့ကုန်တယ်။ ရွံ့နဲ့ရေကို အချိုးကျ
ပေါင်းစပ်မှ လှပတဲ့ပုံသဏ္ဍာန်တစ်ခုကို
ထုဆစ်နိုင်မှာဖြစ်ပါတယ်
#justkidding #feeling
