1 d - Translate

ရွှေစျေး ၁၀ သိန်းတုန်းက ရွှေ ၁၀ သား ပိုင်တဲ့သူက

ရွှေစျေး သိန်း ၉၀ ရောက်ခဲ့ရင်

သူ ၉ ဆ မြတ်သွားပီလား ?

စဉ်းစားကြည့်ရအောင် . . .

ဥပမာ ရွှေစျေး ၁၀ သိန်းတုန်းက ရွှေ ၁ ပိုင်းရောင်းပီး AD ဗင်ကား ၁ စီးဝယ်ရတယ်ဆိုရင်။

ရွှေစျေး ၉၀ ရောက်ချိန် ရွှေ ၁၀ သားနဲ့ AD ဗင်ကား ၉ စီးဝယ်ရတယ် ၊ ၅ စီး ဝယ်ရတယ်ဆို သူမြတ်တယ်။

၁ စီးပဲ ပြန်ဝယ်ရတာဆို သူမမြတ်ဘူး။

အဲ့လိုပဲ ရွှေစျေး သိန်း ၉၀ နဲ့ ဝယ်ခဲ့မိသူက ရွှေစျေး ၁၀ သိန်းကျသွားရင်ရော သူ ၉ ဆရှုံးသွားသလား

ခုန အပေါ်ကလို ပဲပြန်စဉ်းစားကြည့်ပါ

နှုန်းတူ အခြားပစ္စည်း ပြန်ဝယ်မရတော့ရင် ရှုံးတယ်။

ပြန်ဝယ်ရတယ်ဆို သူမရှုံးဘူး။

အဲ့ ဒါရွှေရဲ့ဂုဏ်သတ္တိပဲ

လောကမှာ ရွှေဝယ်စုလို့ မှားတယ်ဆိုတာ မရှိဘူး။

ရွှေကို လောင်းကစားလို ဝင်ကစားလို့ မှားတာပဲရှိတယ်။

ကြောက်ရောင်း ကြောက်ဝယ်လုပ်လို့ မှားတာပဲရှိတယ်။

ပြောချင်တာက ရွှေစုတဲ့သူအနေနဲ့ ရှုံးခြင်း မြတ်ခြင်းကို ဘယ်ပေါ်မူတည် တွက်မှာလဲ . . .

image