21 w - Translate

ရန်ကုန်မြို့ပတ်ညနိုဝင်ဘာ ၂၉ ရက်ကစပြီး စပိန်နိုင်ငံထုတ် ရထားတွဲသစ် DEMU စတင်ပြေးဆွဲနေပြီ
ဈေးနှုန်းတွေက ၃၃ ဘူတာရှိ မြို့တပတ်စာကို ကျပ်‌ငွေ ၈၀၀၊ ၁၅ ဘူတာကို မြန်မာငွေ ကျပ် ၄၀၀ ကျသင့်မှာဖြစ်ပြီး ရထားအချိန်စာရင်းအသစ်တွေပါ ပြောင်းလဲသွားတာပါ။ KIHA ရထားအစား DEMU သုံးစီးနဲ့ ပြေးဆွဲ‌မယ်လို့ သိရပါတယ်။
ရထားခရီးစဉ်လမ်းကြောင်းတွေကို ရန်ကုန်အထိ လမ်းကြောင်း ၇ ခုနဲ့ ရန်ကုန်ကနေ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်းကြောင်း ၇ ခု စုစုပေါင်း လမ်းကြောင်း ၁၄ ခုအထိ ရှိနေပါတယ်။
ရထားအစောဆုံးအချိန်ကို ရန်ကုန်ဘူတာကြီးကနေ မင်္ဂလာဒုံဘက်ကို မနက် ၇ နာရီ ၅ မိနစ်က စတင်ထွက်ခွာဖြစ်ပြီး အင်းစိန်ဘူတာ လက်ယာရစ်ကို မနက် ၈ နာရီ ၃၅ မိနစ်မှာ စတင်ထွက်ခွာပေးမှာ ဖြစ်ပါတယ်။

image