ဂါဇာမှာ အကူအညီပေးမှုတွေ ရပ်ဆိုင်းလိုက်တာကြောင့် ဒုက္ခသည်အခြေအနေ ပိုမိုဆိုးရွားလာနိုင်
ဒီဇင်ဘာ ၂
ဂါဇာကမ်းမြှောင်ဒေသအတွက် အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအအေဂျင်စီအပါအဝင် အကူအညီပေးရေး အဖွဲ့တွေက လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ရပ်ဆိုင်းလိုက်ပြီး ဒါဟာ လူသားချင်းစာနမှုဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ သတိပေးပါတယ်။
ပါလက်စတိုင်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂအကူအညီပေးရေး အေဂျင်စီဟာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် အစ္စရေးနှင့် ဂါဇာကမ်းမြှောင်အကြား အဓိကဖြတ်ကျော် ပို့ဆောင်မှုတွေကို ဆိုင်းငံ့ထားတယ်လို့ မနေ့က ပြောပါတယ်။
ကီရမ်ရှာလွမ် နယ်စပ်ဖြတ်ကျော်ဂိတ်အနီးမှာ ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းနှစ်ခု မကြာသေးမီက လုယက်ခံရပြီးနောက် တရားဥပဒေစိုးမိုးရေးအတွက် အစ္စရေးကို တောင်းဆိုခဲ့ကြောင်း အေဂျင်စီအကြီးအကဲ ဖိလစ်လာဇာရီနီက ပြောပါတယ်။
World Central Kitchen အဖွဲ့ကလည်း အလားတူ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် သူတို့ရဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားတယ်လို့ဆိုပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သူတို့ယာဉ်ကို ပစ်မှတ်ထားခံခဲ့ရပြီး အစ္စရေးကတော့ ဒါဟာ ဟားမတ်စ်ခေါင်းဆောင်တယောက် လိုက်ပါလာတယ်လို့ အခိုင်အမာဆိုပါတယ်။
ကီရမ်ရှာလွမ်နယ်စပ်ဖြတ်ကျော်ဂိတ်ဟာ ဂါဇာရှိ လူနှစ်သန်းကျော်အား အကူအညီများ ပေးပို့ရာ အဓိကလမ်းကြောင်းဖြစ်ပြီး ဒေသတွင်းမှာ အငတ်ဘေးကြုံနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားခဲ့ပါတယ်။ ရာဇဝတ်ဂိုဏ်းတွေက လုယက်ခိုးယူမှုတွေဟာ ပစ္စည်းတွေ ဖြန့်ဖြူးခြင်းအတွက် အဓိကအတားအဆီးဖြစ်နေကြောင်း ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသသို့ အကူအညီတွေ ပေးပို့ရာရာမှာ အဆင်ပြေချောမွေ့စေရေး ကူညီမယ်လို့ အစ္စရေးက ယခင်က ကတိပြုထားပြီး ဟားမတ်စ်တို့ဟာ အကူအညီတွေကို အပိုင်စီးလုယက်မှု လုပ်ဆောင်နေကြောင်း စွပ်စွဲထားပါတယ်။
နိုဝင်ဘာ ၁၆ ရက်က စားနပ်ရိက္ခာတင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၁၀၉ စီးကို မျက်နှာဖုံးစွပ် သေနတ်သမားတွေက ယာဉ်မောင်းတွေကို သေနတ်ပြခြိမ်းခြောက်ပြီး ကုန်တင်ကား ၉၇ စီးကို လုယက်ခိုးယူမှု ဖြစ်ပွားခဲ့ပါတယ်။
Ref:BBC
Photo:CNN
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး