မိုင်းပြင်းမြို့ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

ဒီဇင်ဘာ ၂

မိုင်းပြင်းမြို့ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ နံနက် ၁၁ နာရီ ၄၂ အချိန်က လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၄၂) မိနစ်၊ (၁၄) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပြင်းမြို့၏ အရှေ့တောင်ဘက် (၁၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၁) ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၉.၂၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

#centralnewsnaypyitaw

image