ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူများ(၂၉၁၀)ဦးရှိ
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပ ညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ Naypyitaw State Academy, Faculty of Medicine ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့တွင် ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူ(၂၉၁၀)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်မှစတင်၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအား Naypyitaw State Academy ရှိ Function Hall ၌ နိုဝင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့သည်။
ယခု ပညာသင်နှစ်တွင် ဆေးနှင့်ဆေးနှီးနွှယ်တ က္ကသိုလ်များ၌ ပထမနှစ်တက်ရောက်ခွင့်ရသော ကျောင်းသား/ကျောင်းသူ(၂၇၈၈)ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်ခွင့်ရသူ ကျောင်းသား/ကျောင်းသူ(၁၂၂)ဦး(စုစုပေါင်း ၂၉၁၀ ဦး)ရှိသည်။
