လှိုင်သာယာမြို့နယ်ကို အဆင့်မီသည့်မြို့နယ်တစ်ခုဖြစ်စေ‌ရေး အကောင်အထည်ဖော်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

နိုဝင်ဘာ ၃၀

စက်ရုံ၊ အလုပ်ရုံ အလုပ်သမာများ အများအပြားနေထိုင်သည့် လှိုင်သာမြို့နယ်ကို အဆင့်မီသည့် မြို့တစ်ခုဖြစ်စေရေး ဆက်လက်အကောင်အထည် ဖော်‌ဆောင်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၉ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသူများ အများအပြားနေထိုင်ကြသည်ဖြစ်သဖြင့် ပလက်ဖောင်းများ အဆင့်မီကောင်းမွန်ရမည်ဖြစ်ကြောင်း၊ မြို့နယ်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် စနစ်တကျစီမံကိန်းချ၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့အကွက်ချပုံကို စနစ်တကျဖြင့် ရေးဆွဲဖော်ဆောင်ထားသည့် မြို့ဖြစ်သဖြင့် အဆင့်မီသည့် မြို့တစ်ခုဖြစ်စေရေး ဆက်လက်အကောင်အထည် ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နေထိုင်သူများကျန်းမာရေး ကောင်းမွန်စေရေး၊ သန့်ရှင်းမှုစနစ်တကျရှိစေရေး၊ ရေလုံလောက်စွာရရှိရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အများအသုံးပြုရန် ကောင်းမွန်သည့်သုံးရေ ရရှိရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ကျန်းမာရေးကောင်းမွန်မှသာလျင် အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုကျန်းမာရေး ကောင်းမွန်မှုရှိရန် မိမိတို့အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရေဝင်ရေထွက်ကောင်းမွန်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

#centralnewsnaypyitaw

image
image
image