26 w - Translate

ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုပန်းတွေထဲက တစ်ခုဖြစ်တဲ့ ဆာကူရာပန်းလေးတွေဟာ ပင်ယံပေါ်မှာ ပွင့်လန်းပြီး ရက်အနည်းငယ်အတွင်းမှာပဲ မြေပြင်ပေါ် သက်ဆင်းသွားလေ့ရှိပါတယ်။
ဒါကြောင့် ဆာကူရာပန်းလေးဟာ လူသားတွေရဲ့ဘဝကို ပြန်လည်ဆင်ခြင်နိုင်အောင် သတိပေးနေတယ်လို့ အဆိုရှိတာကိုး။
အရာရာအားလုံးဟာ ခဏတာပဲမို့ အဲဒီခဏတာအတွင်းမှာ ဆာကူရာလေးလို လှပစွာ ရှင်သန်ကြရမှာပဲတဲ့လေ။

image
image
image
image