31 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။ထိုင်​ဝမ်အ​ရေး​ပေါ်အ​ခြေအ​နေဖြစ်လာပါကသုံးစွဲရန်အ​မေရိကန်သည်ဒုံးကျည်များကိုဂျပန်တွင်ချထားမည်ဟုကျိုဒိုသတင်းဌာနက​ဖော်ပြခြင်းအ​ပေါ်ရုရှားကသူ၏လုံခြုံ​ရေးအတွက်ဒုံးကျည်များကိုအာရှတိုက်တွင်ဖြန့်ကြက်ချထားမည်ဟုတုန့်ပြန်လိုက်သည်။

၂။​ဂျော်ဂျီယာဝန်ကြီးချုပ်က​ဂျော်ဂျီယာနိုင်ငံသည်အီးယူအဖွဲဝင်ဖြစ်ရန်စိတ်ဝင်စားမှုမရှိ​ကြောင်းဆုံးဖြတ်ချက်​ကြေညာလိုက်ခြင်းနှင့်ပတ်သက်ပြီး​ဂျော်ဂျီယာနိုင်ငံဆိုင်ရာအီးယူသံအမတ်ကအလွန်ဝမ်းနည်းရသည်ဟု​ပြောသည်။

၃။တရုတ်-အ​မေရိကန်ကုန်သွယ်​ရေးစစ်ဖြစ်မည်ကိုစိုးရိမ်ပူပန်​နေ​သော် လည်းအ​မေရိကန်ကုမ္ပဏီကြီးများဖြစ်သည့်Apple၊Tesla၊Starbucksနှင့်HPတိုသည်သူတို၏စီးပွားဖက်တရုတ်ကုမ္ပဏီများဖြင့်ခိုင်မာစွာလက်တွဲ​ဆောင်ရွက်​နေ​ကြောင်းတရုတ်အစိုးရပိုင်ဂလိုဘယ်တိုင်းမ်သတင်း စာက​ဖော်ပြသည်။

၄။တရုတ်နှင့်ရုရှား​လေယာဥ် (၁၁)စီးသည်​သောကြာ​နေ့ယ​နေ့တွင်​တောင်ကိုးရီးယားနိုင်ငံ​လေ​ကြောင်းရန်ကာကွယ်​ရေးဇုန်အတွင်း​လေးနာရီကြာဝင်​ရောက်ပျံသန်းခဲ့​ကြောင်း​တောင်ကိုးရီးယားစစ်တပ်က​ကြေညာသည်။

၅။ချဒ်နိုင်ငံသည်၂၀၁၉ခုနှစ်ကလက်မှတ်​ရေးထိုးထား​​သောပြင်သစ်နှင့်ကာကွယ်​ရေးဆိုင်ရာပူး​ပေါင်း​ဆောင်ရွက်မှုသ​ဘောတူညီချက်ကိုရပ်စဲလိုက်​ကြောင်း​ကြေညာလိုက်သဖြင့်ပြင်သစ်တပ်များသည်ဗဟိုအာဖရိကနိုင်ငံချဒ်မှထွက်ခွာရ​တော့မည်ဖြစ်သည်။

NOM