အလုပ်သမား (၅၀၀၀) ကျော်လောက် အလုပ်အကိုင်အခွင့်အလမ်းဖန်းတီးပေးနိုင်မယ့် ငွေကျပ် သန်း (၁၅၀၀)နဲ့ ကန်ဒေါ်လာ (၇) သန်း တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရင်းနှီးမြှုပ်နှံမှု ကော်မတီ ခွင့်ပြု

နိုဝင်ဘာ ၂၉

အလုပ်သမား (၅၂၅၅) ဦးလောက် အလုပ်အကိုင်အခွင့်အလမ်းဖန်းတီးပေးနိုင်မယ့် ငွေကျပ် သန်း (၁၅၀၀)နဲ့ ကန်ဒေါ်လာ (၇.၆၉) သန်း တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုပေးခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှု ကော်မတီက ပြောပါတယ်။

အဲ့ဒီ ငွေကြေးပမာဏတွေနဲ့ ပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၉) ခုကို ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရဲ့ ( ၁၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုခဲ့တာလို့ သိရပါတယ်။

အတည်ပြုခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈)ခု ပါဝင်တယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံကြမယ့် လုပ်ငန်းတွေကတော့ CMP စနစ်နဲ့ Wearing Apparel အမျိုးမျိုးချုပ်လုပ်တဲ့ လုပ်ငန်း၊ ပြည်တွင်းမှာ ရာခိုင်နှုန်းပြည့် ရောင်းချမယ့် ဆောက်လုပ်ရေး လုပ်ငန်းသုံး (NS Grout, AquaCem 100, Patch Hardener) ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်နဲ့ပဲ Wool Fiber & Yarn ထုတ်လုပ်ခြင်း လုပ်ငန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒါအပြင် CMP စနစ်နဲ့ ဆံပင်တု အမျိုးမျိုး ထုတ်လုပ်တဲ့ လုပ်ငန်း၊ CMP စနစ်နဲ့ အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်တဲ့ လုပ်ငန်း၊ စက္ကူတံဆိပ်ရိုက် ၀န်ဆောင်မှုလုပ်ငန်းနဲ့ ပြည်တွင်းမှာ ရာခိုင်နှုန်းပြည့်ရောင်းချမယ့် အထည်ချုပ်လုပ်ငန်းသုံး ပလတ်စတစ် အိတ် အမျိုးမျိုး ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံခွင့် အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

CMP စနစ်ဟာဆိုရင် ပြည်ပနိုင်ငံတွေက ကုန်ကြမ်းတွေ တင်သွင်းပြီး ပြည်တွင်းမှာ ကုန်ချောပြန်ချုပ်လုပ်တဲ့ လက်ခစား စနစ်ဖြစ်တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage