စစ်မှုထမ်းရမယ့်အရွယ်ကို အသက် ၁၈ နှစ်အထိ လျှော့ချဖို့ ယူကရိန်းကို အမေရိကန်တိုက်တွန်း
နိုဝင်ဘာ ၂၉
ယူကရိန်းနိုင်ငံအနေနဲ့ စစ်မှုထမ်းအသက်ကို ၁၈ နှစ်အထိ လျှော့ချသင့်ကြောင်း အမေရိကန်ထိပ်တန်းအုပ်ချုပ် ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၂၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။
စစ်မြေပြင်မှာကျဆုံးသွားတဲ့ ပြုန်းတီးအင်အားအတွက် အစားထိုး ပြန်လည်ဖြည့်တင်းဖို့ ယူကရိန်းနိုင်ငံဟာ စစ် မှုထမ်းအသစ်တွေဆင့်ခေါ်ပြီး လေ့ကျင့်သင်ကြားပေးခြင်းမလုပ်သေးဘူးလို့ အဆိုပါအရာရှိက သတင်းထောက် တွေကို ပြောပါတယ်။
“အခုအချိန်မှာလိုအပ်တာက အင်အားပါ။ နိုင်ငံအရှေ့ပိုင်းမှာ ရုရှားထိုးစစ်က အားသာနေတယ်။ သူတို့ဟာ ကာ့စ်ခ်ဒေသမှာ ယူကရိန်းတွေကို စတင်ပြန်လည်တိုက်ထုတ်နေပြီဖြစ်တယ်။ ဒီကနေ့အချိန်မှာ စစ်မြေပြင်အ ကြောင်းသာ စဉ်းစားနေရတဲ့အတွက် စစ်မှုထမ်းဥပဒေကျင့်သုံးပြီး အင်အားပိုမိုများပြားလာအောင် ဖြည့်ဆည်း ထားမှသာ ပိုပြီး ထိရောက်မှာပါ။” လို့ ၎င်းကပြောပါတယ်။
၂၀၂၂ ခုနှစ် အစောပိုင်းကာလအကတည်းက ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေဟာ အောင်ပွဲတွေ အလျင်အမြန် ရနေရာ ပြီးခဲ့တဲ့လအတွင်းက လန်ဒန်မြို့တစ်ဝက်စာလောက်ရှိတဲ့ နယ်မြေကို သိမ်းပိုက်နိုင်ခဲ့ကြောင်း လေ့လာ သူတွေနဲ့ စစ်ပွဲဘလော့ဂါတွေက အခုသီတင်းပတ်အတွင်း ပြောကြားလိုက်ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ စစ်မှုထမ်းဥပေဒအရ စစ်မှုထမ်းရမယ့်အရွယ်ကို အသက် ၂၇ နှစ်ကနေ ၂၅ နှစ်အထိ လျှော့ချ လိုက်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို ဧပြီလအတွင်းက ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက လက်မှတ်ရေးထိုးခဲ့ ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရက ယူကရိန်းကို အခိုင်အမာထောက်ခံပံ့ပိုးခဲ့ပေမဲ့ ဇန်နဝါရီလ အတွင်း ရွေးကောက်ပွဲနိုင် အကြိုသမ္မတဒေါ်နယ်ထရမ့်တက်လာတဲ့အချိန်မှာတော့ အဲဒီထောက်ပံ့မှုတွေဟာ အားပျော့မှေးမှိန်သွားနိုင်ဖွယ်ရာ ရှိပါတယ်။
ထရမ့်က ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ဖို့အတွက် ၎င်းကို စီမံချက်တစ်ရပ် တင်ပြခဲ့တဲ့ အငြိမ်းစားဒုတိယဗိုလ် ချုပ်ကြီးတစ်ဦးဖြစ်တဲ့ ကိကက်လော့ဂ်ကို ယူကရိနးစစ်ပွဲအထူးသံတမန်အဖြစ် ခန့်အပ်ဖို့ ရွေးချယ်ထားပါတယ်။
တစ်ပြိုင်တည်းမှာပဲ ဘိုင်ဒန် သမ္မတအဖြစ်တည်ရှိနေစဉ်အချိန်အတွင်း အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်း နိုင်ငံအတွက် အမြောက်ကျည်တွေအများအပြား၊ အကွာအဝေးအမျိုးမျိုး ပစ်ခတ်နိုင်တဲ့ ရော့ကက်အများအပြား၊ စစ်ဆင်ရေးထောက်ပံ့မှု ယာဉ်မျိုးစုံနဲ့ လက်နက်မျိုးစုံအများအပြားနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း အဆိုပါ ထိပ်တန်းအရာရှိက ပြောပါတယ်။
“ခဲယမ်းနဲ့ ယာဉ်ပြတ်လပ်မှုဟာ ယူကရိန်းရင်ဆိုင်နေရတဲ့ အဓိက အရေးအကြီးဆုံးပြဿနာမဟုတ်ပါဘူး။ လက် ရှိအချိန်မှာ ယူကရိန်းတွေလက်ထဲမှာ လက်နက်တွေ၊ ခဲယမ်းတွေနဲ့ အရေးကြီးတဲ့ပစ္စည်းတွေ အများအပြားစုပြုံ ရောက်ရှိနေပါပြီ။" လို့ ၎င်းက ပြောပါတယ်။
“နောက်ထပ် တပ်ဖွဲ့ဝင်သစ်တွေ အစားထိုး အင်အားမဖြည့်နိုင်ဘဲနဲ့ လက်ရှိ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ် ဖွဲ့ဝင်တွေဟာ အနားယူ၊ အားမွေး၊ ပြန်လည်လေ့ကျင့်သင်ကြားဖို့အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။” လို့ ၎င်း က ပြောပါတယ်။
Ref: US urges Ukraine to lower fighting age to 18 to bolster ranks
#centralnewsnaypyitaw