စိတ်ကူးယဉ်ထဲက ချစ်ရသူကို လက်တွေ့ဘ၀ထိစွဲထုတ်နိုင်ဖို့ ဘယ်လောက်တောင် ရူးသွပ်ပေးရမှာလဲ ။
တစ်စုံတစ်ယောက်ကို ချစ်ရတာလွယ်ပေမယ့် အစထဲက မပိုင်ဆိုင်ရနိုင်တဲ့ စိတ်ကူးယဉ် ချစ်သူကို ချစ်ရတာကတော့မလွယ်ဘူးမှတ်လား ။ သူက ဘယ်လိုပုံစံလဲ ဘယ်လိုရှိနေမလဲ ဘယ်လိုအသံဖြစ်နေမလဲ ကိုယ့ယ့်အတွေးထဲပုံဖော်ထားရင်တောင်မှ မတိကျနေဘူးလေ ။
ဂရိ ဒဏ္ဍာရီထဲက Pygmalion က Galatea ဆိုတဲ့ပန်းပုရုပ်ထုလေးဖန်တီးပြီးတော့ သက်ဆုံးတိုင်ပျော်ရွှင်သွားရပေမယ့် ကိုယ်တွေက Pygmalion မှမဟုတ်ခဲ့တာ ။
Winter Ahead ထဲက Taehyung လည်း အဲ့လိုပါပဲ ။ Pygmalion လိုမျိူး ရုပ်ထုလေးတွေထိုင်ဖန်တီးတယ် သူ့ပတ်၀န်းကျင်မှာ သူဖန်တီးထားတဲ့ရုပ်ထုတွေသာ သူ့သူငယ်ချင်း သူအချစ်ဆုံး ရုပ်ထုလေးက စိတ်ကူးယဉ်ထားတဲ့ သူ့ရဲ့ချစ်သူ ။ ရုပ်ထုလေးအသက်၀င်ဖို့ဆုတောင်းရင်းနဲ့ သက်ရှိမဟုတ်ဘူး စိတ်ကူးယဉ်ဆိုတဲ့ ဒါတွေအားလုံးကို သူကမသိပဲနဲ့ ရူးနေတဲ့သူတစ်ယောက်လို နေခဲ့တာ မဟုတ်သူသိတယ် သိသိရက်နဲ့ သူ့စိတ်ကူးထဲ သူပျော်မွေ့နေရုံပဲ ။
Pygmalion အကြောင်းနဲ့ပက်သက်ပြီး Topic မျိူးစုံ ဟိုဟိုဒီဒီမှာ ဆွေးနွေးကြတာတွေ ခဏခဏရှိတဲ့ ထဲကမှ Pygmalion က ရူးသွပ်ခဲ့တာလား စွဲလမ်းခဲ့တာလား ရူးသွပ်မှုနဲ့ စွဲလမ်းမှုက ဘာကွာလဲဆိုပြီး Topic တစ်ခုနဲ့ အပြန်အလှန်ဆွေးနွေးကြတာကို X မှာ ဖတ်ဖူးခဲ့တယ် ။
အဲ့မှာ လူတစ်ယောက်က "အသိညဏ်ကပ်နေတာနဲ့ မကပ်နေတာပဲ ကွာတယ် ကျန်တာအတူတူပဲ" တဲ့ ။ ဆိုလိုချင်တာက ရူးသွပ်မှုက ကိုယ် ရူးသွပ်နေတယ်ဆိုတာ သိတယ် ဒါပေမယ့် သူရူးသွပ်နေတာ သက်ရှိလားသက်မဲ့လားသူသိတယ် အဲ့တာကြောင့် Pygmalion က သူ့အရုပ်က အသက်မရှိမှန်းသူသိလို့ ဆုတောင်းခဲ့တာပေါ့ ။ စွဲလမ်းမှုက ရူးသွပ်မှုနဲ့ အတူတူပဲ လမ်းဆုံးသွားရင်တော့ ကိုယ့်မှာရှိသမျှ မှန်လားမှားလား အသိညဏ်မရှိတော့ဘူး။
MV ထဲက Taehyung က အဲ့ရူးသွပ်မှုနဲ့ စွဲလမ်းမှုကြားထဲရောက်နေခဲ့တာလို့ပြောရမှာပေါ့။
Winter Ahead က Pygmalion ကို ကျောရိုး ယူထားတာဆိုပေမယ့် Pygmalion ကို ကျောရိုးယူထားတဲ့ ဘယ်ဇာတ်လမ်းမဆိုရဲ့ ထုံးစံအတိုင်း အဆုံးသတ်မလှခဲ့ဘူး ။
အခုခေတ်လို Streaming platform တွေထဲအမြန်တက်အောင် MV တွေ သီချင်းတွေကို မိနစ်ကို 2 မိနစ်လောက်ပဲထုတ်နေတဲ့ ခေတ်မှာ 6 မိနစ်ကျော်ထုတ်ပြီး သူပြချင်တာကို ပြသွားတဲ့ Artist တစ်ယောက်ပါပဲ ။ Jazz ကို မြတ်နိုးတဲ့ သူအနေနဲ့ရော ဟိုဟိုဒီဒီအကြောင်းလေးတွေ စူးစမ်းရတာကြိုက်တဲ့သူအနေနဲ့ရော Jazz ဂီတ နဲ့ သူသိသမျှလေးတွေ လက်ဆင့်ကမ်းချင်တဲ့ သူ့စိတ်ကလေးကို အတိုင်းသားမြင်ရပါတယ် ။ ❄️🤍
V feat Park Hyo Shin / Winter Ahead