မီဇိုရမ်မှာ မြန်မာနိုင်ငံသား တစ်ဦးထံကနေ ရူပီး သိန်းပေါင်း ၃၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ

နိုဝင်ဘာ ၂၉

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့အနီး ဇေမာဘုတ်ကျေးရွာ (Zemabawk )မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီး သိန်းပေါင်း ၃၈၀ ကျော်တန်စိတ်ကြွဆေးပြားများကို နိုဝင်ဘာ ၂၈ မနက်ပိုင်းမှာ ဖမ်းဆီးကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မီဇိုရမ်ရဲတပ်ဖွဲ့ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိရာ ကျန်ဖိုင်ခရိုင် ဇိုခေါထာရ် ကျေးရွာကနေ အိုင်ဇောလ်မြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို အိုင်ဇောလ်မြို့အဝင် ဇေမာဘုတ်ကျေးရွာမှာ တားဆီးစစ်ဆေးခဲ့ပြီး စိတ်ကြွဆေးပြားအများအပြား ဖမ်းဆီးခဲ့ တယ်လို့ဆိုပါတယ်။

မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန ပူးပေါင်းတပ်ဖွဲ့ဟာ အဆိုပါကားကို ဒီမနက် ၁၂ နာရီ ခွဲဝန်းကျင်မှာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီးတော့ စိတ်ကြွဆေးပြား ၂၉.၂၈၉ ကီလိုဂရမ်၊ နိုင်ငံတကာ ပေါက်စျေးဖြင့် ရူပီး သိန်းပေါင်း ၃၈၀.၇၅၇ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားများကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိုပါမူးယစ်ဆေးဝါးများကို စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက် မှ ဦးလာလ်ရမ်ပန်နာ ( Lalrampana) ရဲ့သား တလန်ထန်မွေးအာ (Tlangthanmawia) အသက် ၃၀ ထံကနေဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လိုအပ် သလိုအရေးယူနိုင်ဖို့ အမှုဖွင့်ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ်ထဲကို မူးယစ်ဆေးဝါးတင်သွင်းသူများထဲ မြန်မာနိုင်ငံသားအများအပြား ပါဝင်ပက်သက်နေပြီး ဒီလ နိုဝင်ဘာလ ၁ ရက်ကနေ ဒီကနေ့ ၂၈ ရက်နေ့အထိ တစ်လနီးပါးအချိန်အတွင်း မီဇိုရမ်မှာ မူးယစ်ဆေးဝါး ကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၇ ဦးထက်မနည်းရှိပြီဖြစ်ပါတယ်။

#centralnewsnaypyitaw

image