အဖော်ဆိုတာ...
ကိုယ်ဖြတ်သန်းရမယ်.အချိန်တွေအတွက်၊
သူ့ကို အသုံးချဖို့မဟုတ်ဘူး။
သူရယ်...ကိုယ်ရယ်...အချိန်တွေထဲမှာ
အတူတူ...
ဖြတ်သန်းသွားဖို့ဖြစ်တယ်။
မိုးအေးတဲ့ ရာသီဥတု တွေမှာ
တစ်ယောက်ဟာ တစ်ယောက်ရဲ့
အိမ်ပေါ့။
အရို:ကွဲအောင် နှင်းတွေကျချိန်မှာ
တစ်ယောက်ဟာ တစ်ယောက်ရဲ့
မီးလင်းဖိုပေါ့။
မျက်နှာချင်းဆိုင် ထိုင်ပြီးကြည့်ခဲ့ဖူးတယ်...
နောက်တော့လည်း...အေးလေ...
ပြောခဲ့ပြီးပါပြီ...ဓာ:ဆိုတာ...
ရတဲ့ထောင့်က ဝင်လာတတ်တယ်။
ခုနက ဓါ:ဟာ ရင်အုံကို
တည့်တည့်ဝင်လာခဲ့တဲ့ ဓါ:ပဲ
-တာရာမင်းဝေ (ဓါ:မှတ်စု)
