#ရှမ်းခေါက်ဆွဲ ကြိုက်သူများအတွက်
ကြက်ရိုး နဲ့ ကြက်သားတွေကို ဆား ဆနွင်း အရသာမှုန့်ဖြင့်နယ်ပြီး ရေအနေတော်ထည့်ကာ တစ်နာရီခွဲခန့် ပြုတ်ထားပေးပါ။ ဆန်ခေါက်ဆွဲကို ရေတစ်နာရီခန့်စိမ်ထားပေးပါ။
ကြက်သားပြုတ်ထားတာရရင် ကြက်သားတွေကိုဆယ်ပြီး အတုံးသေးသေးလေးတွေတုံးထားပါ။ ကြက်သွန်ဖြူနီကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်မြိတ် နဲ့ ခရမ်းချဉ်သီးပါးပါးလှီးထားပါ။ မြေပဲလှော်မညက်တညက်ထောင်းထားပါ။
#မိသားစု Online Cooking Foodstuff မှ ဖော်ပြပေးပါသည်။
ကြက်သွန်ဖြူနီထောင်းထားတာကိုဆီသပ်ပါ။ အနံမွှေးလာပြီဆို ငရုတ်အစိမ်းမှုန့်ထည့်ပြီးမွှေပါ။ ပြီးမှ ခရမ်းချဉ်သီးလှီးထားတာထည့်ပြီး အဖုံးအုပ်လိုက်ပါ။ ခဏအကြာမှ ခရမ်းချဉ်သီးနွမ်းလောက်ပြီဆိုမှ ဇွန်းဖြင့်ကျေနေအောင် ချေပေးပါ။ ခရမ်းချဉ်သီးကျေပြီဆို ကြက်သားတုံး နဲ့ ရေအနည်းငယ် ကြက်သားမှုန့် ခရုဆီ ကြာညို့ထည့်ပြီး ဆီပြန်သည်အထိတည်ပါ။ ဒါကြက်သားအနှစ်ရပါပြီ။