ပွဲအပြီးမှာ ဒဏ်ရာတွေနဲ့ အင်တာဗျူးဖြေခဲ့တဲ့ ပက်ဂွာဒီယိုလာ
👉မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ဖီယင်နု အသင်းတို့ရဲ့ပွဲစဉ်မှာ စီးတီးအသင်းက ပြိုင်ဘက်အသင်းကို ၇၅ မိနစ်ထိ (၃)ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပြီးမှ ချေပဂိုး တွေပြန်လည်ခွင့်ပြုခဲ့ရကာ သရေကျခဲ့ပါတယ်။
👉ဒီနေ့ပွဲမတိုင်ခင် ၅ ပွဲဆက်အရှုံးကိုရင်ဆိုင်ထားရတဲ့ စီးတီးအသင်းအတွက် နိုင်ပွဲမဖြစ်မနေလိုအပ်ခဲ့တာပါ။ ဒါပေမဲ့လည်း (၆)ပွဲဆက်နိုင်ပွဲပျောက်ခြင်းကိုသာ ရင်ဆိုင်ခဲ့ရပါတယ်။
👉ပွဲအပြီးမှာ နည်းပြကြီး ပက်ဂွာဒီယိုလာတစ်ယောက် မျက်နှာပေါ်က ဒဏ်ရာအချို့နဲ့အတူ ပွဲပြီးအင်တာဗျူးကိုဖြေကြားခဲ့ပါတယ်။
"မေး။ ။ဒဏ်ရာတွေက ဘယ်လိုဖြစ်တာလဲ?
ဖြေ။ ။ ငါ့လက်သည်း နဲ့ ငါ့ကိုယ်ငါ ကုတ်ခြစ်ထားတာပါ။ ငါအခုလောလောဆယ်ငါ့ကိုယ်ငါ နာကျင်အောင်လုပ်ချင်နေတယ်။ "
👉ဒီလို ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ပရိတ်သက်တွေဘက်က ထင်မြင်ယူဆချက်များစွာရှိလို့နေပါတယ် ။ ယူဆချက်အချို့ကိုဖော်ပြလိုက်ပါတယ်။
ပရိတ်သက် ၁- ဒါက အဝတ်လဲခန်းက ပြဿနာဖြစ်နိုင်တယ်။
ပရိတ်သက် ၂- ဒါက စိတ်အားထက်သန်မှုပြင်းထန်လို့အားမလိုအားမရဖြစ်တာပဲ။
ပရိတ်သက် ၃- ဂွာဒီယိုလာ ဖိအား နဲ့ နာကျင်မှုတွေရင်ဆိုင်နေရပါပြီ။
ပရိတ်သက် ၄- သူ စိတ်ပိုင်းဆိုင်ရာဆရာဝန် နဲ့တိုင်ပင်သင့်ပြီ ။
စာဖတ်နေတဲ့ ဘရားသားတို့ရော ဂွာဒီယိုလာဘာကြောင့်လုပ်တယ်ထင်လဲ ?
