ကျောက်ဆည်မှာ ငွေကျပ် (၁၄) ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး၀ါးတွေကို လွှဲပြောင်း သယ်ဆောင်သူ (၁၀)ဦးနဲ့ အတူ ဖမ်းဆီးရမိ
နိုဝင်ဘာ ၂၇
မန္တလေး၊ ကျောက်ဆည်မြို့နယ်ထဲမှာ ငွေကျပ် ၁၄ ဒသမ ၅ ဘီလီလံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး၀ါးတွေကို လွှဲ ပြောင်းသယ်ဆောင်သူ (၁၀)ဦးနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစက ကနေ ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့က ကျောက်ဆည်မြို့နယ်၊ တောင်တော် ကျေးရွာ၊ မြောက်ဘက် (၃)ဖာလုံအကွာ မြောင်းဘေးမှာ မူးယစ်ဆေး၀ါး လွှဲပြောင်း သယ်ဆောင်မယ့် သတင်းအရ သွားရောက်ရှာဖွေ စစ်ဆေးရာ မူးယစ်ဆေး၀ါးတွေနဲ့ အတူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ မူးယစ်ဆေး၀ါး သယ်ဆောင်ရာ လမ်းကြောင်းမှာ ဆက်စပ်သူတွေနဲ့ ဘိန်းဖြူတွေ၊ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ထပ်မံဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။
သူတို့တွေနဲ့ အတူ မူးယစ်ဆေး၀ါး သယ်ဆောင်ရာဆက်သွယ် အသုံးပြုတဲ့ CANTER မော်တော်ယာဉ် (၁)စီး၊ DONGFENG တွဲယာဉ် (၁)စီး၊ ALPHARD မော်တော်ယာဉ် (၁)စီး၊ MARK II မော်တော်ယာဉ် (၁)စီး၊ SURF မော်တော်ယာဉ် (၁)စီး၊ ကုန်တင်ယာဉ်ကြီး (၁)စီးနဲ့ ဆိုင်ကယ် (၂)စီးတို့လည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိပြီး ဖမ်းဆီးရမိသူတွေရဲ့ မူးယစ်ဆေး၀ါး သယ်ဆောင်ရောင်းဝယ်ရာကနေ ရရှိတဲ့ ငွေကြေး အကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ ဘဏ္ဏာအဖြစ် သိမ်းဆည်းနိုင်ဖို့ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး