အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာမှာကို ထိုင်းနိုင်ငံ ကြိုဆိုကြောင်း ကုန်သွယ်ရေးဝန်ကြီးပြော

နိုဝင်ဘာ ၂၇

အမေရိကန်လုပ်ငန်းရှင်တွေ ထိုင်းနိုင်ငံထဲမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တာကို အကောင်းမြင်ကြောင်း ကုန် သွယ်ရေးဝန်ကြီး ဖိချိုင်းနရစ်သာဖန်က ပြောကြားလိုက်ပါတယ်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (USABC) အဖွဲ့က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံရဲ့မဟာဗျူဟာမြောက်တည်နေရာတည်ရှိမှုနဲ့ စီးပွားရေးလုပ်ကိုင်ဖို့ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေအနေကို ဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

Amazon၊ Boeing နဲ့ Google တို့လို အမေရိကန်ထိပ်တန်းကော်ပိုရေးရှင်းကြီးတွေက ကိုယ်စားလှယ်တွေပါဝင် တဲ့ USABC ကိုယ်စားလှယ်အဖွဲ့ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့အတွက် အခွင့်အလမ်းတွေရှာ ဖွေဖို့ ထိုင်းနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအဖွဲ့ဟာ အနာဂတ်ကာလပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုမြှင့်တင်ဖို့အတွက် ကုန်သွယ်ရေးအတားအဆီးတွေကို ကိုင်တွယ်ဖြေရှင်းရေးတို့အတွက် ဆွေးနွေးခဲ့ပါတယ်။

ပြည်ပပို့ကုန်မြင့်တက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ အခွင့်အလမ်းအားသာချက်တွေရှိနေတဲ့ အခြေအနေတွေ ကို ကိုးကားပြီး ထိုင်းနိုင်ငံရဲ့ အားကောင်းခိုင်မာတဲ့ စီးပွားရေးဆောင်ရွက်ချက်တွေကို ဝန်ကြီးဖိချိုင်းက ရှင်းပြ ပါတယ်။

ထိုင်းနိုင်ငံဟာ အထူးသဖြင့် အီလက်ထရောနစ်ကားနဲ့ အတွင်းပေါက်ကွဲအင်ဂျင်ကားတွေထုတ်လုပ်ရာမှာ ဒေသ တွင်းဗဟိုချက်မနိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

“ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ စိတ်လှုပ်ရှားတက်ကြွဖွယ် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ အဆင်ပြေချောမွေ့စေဖို့ ကျွန်တော်တို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ အမေရိကန်စီးပွား ရေးလုပ်ငန်းတွေ ကျွန်တော်တို့နိုင်ငံမှာ လာရောက်တည်ထောင်မှာကို ကျွန်တော်တို့ ကြိုဆိုနေပါတယ်။” လို့ ဖိ ချိုင်းက ပြောပါတယ်။

အသိဉာဏ်ပညာဆိုင်ရာမူပိုင်ခွင့်ဥပဒေနဲ့ သွင်းကုန်/ပို့ကုန် အခွန်အခကောက်ခံခြင်းဥပဒေတို့နဲ့ ဆက်စပ်တဲ့ ပြဿနာတွေအပါအဝင် အမေရိကန်နဲ့ ပတ်သက်ပြီး ကုန်သွယ်မှုနဲ့ ဆက်နွယ်တဲ့ စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကိုလည်း ၎င်းက အလေးထား ပြောကြားခဲ့ပါတယ်။

အနာဂတ်ကာလမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိုင်းနိုင်ငံထဲကို ပိုမိုဝင်ရောက်လာဖို့အတွက်လည်း ဂျပန်နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့အတွက် အစီအစဉ်တွေရှိကြောင်း ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ံတို့လို အဓိက ကုန်သွယ်ဖက်နိုင်ငံတွေနဲ့လည်း လွတ်လပ်သောကုန်သွယ် ရေးသဘောတူညီချက် (free-trade agreements – FTAs) တွေနဲ့ ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းဖို့ အရေးကြီး ကြောင်း ၎င်းက ပြောပါတယ်။

“ထိုင်းနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆွဲဆောင်နိုင်မယ့် နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ သံန္နိဋ္ဌာန်ချထားပြီးသားဖြစ်ပါတယ်။ မဟာဗျူဟာမြောက်တည်ရှိခြင်း၊ ကျွမ်းကျင်လုပ် သားတွေရှိခြင်းနဲ့ ခိုင်မာတဲ့ အခြေခံအဆောက်အအုံတွေတည်ရှိခြင်းတို့ကို အကျိုးရှိရှိအသုံးချပြီး ကျွန်တော်တို့ နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာလာအောင် ကျွန်တော်တို့ဆောင်ရွက်နိုင်ပါတယ်။” လို့ ဖိချိုင်းက ပြောပါတယ်။

Ref: Thailand welcomes US investment surge

Credit - Mi Report
#သတင်းဟင်းလေးအိုးကြီး

image
image
image