ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားတွင်ကျင်းပသည့် 12th International Conference of Asian Political Party(ICAPP) General Assembly သို့ တက်ရောက်ခဲ့

နိုဝင်ဘာ ၂၇

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပ ပြုလုပ်သည့် International Conference of Asia Political Parties (ICAPP)၏ (၁၂)ကြိမ်မြောက် ညီလာခံကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါ ညီလာခံသည် (၃၉) နိုင်ငံရှိ နိုင်ငံရေးပါတီ (၅၉)ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ICAPP အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP – Cambodian People’s Party)မှ တာဝန်ရှိသူများ၊ အခြားနိုင်ငံများမှ လေ့လာသူများအပါအဝင် အင်အား (၃၀၀) ကျော် တက်ရောက်ခဲ့သည်။

ထိုညီလာခံ၏ အဓိကဆွေးနွေးရသည့် ခေါင်းစဉ်မှာ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် နည်းလမ်းရှာဖွေခြင်းဖြစ်ပြီး ၎င်းကို ဗဟိုပြု၍ ယဉ်ကျေးမှုကဏ္ဍ၊ ဒီဂျစ်တယ်မီဒီယာကဏ္ဍ၊ သတင်းတု တိုက်ဖျက်ရေးကဏ္ဍ စသည့် ဆက်စပ်ခေါင်းစဉ်များဖြင့် မျက်နှာစုံညီ အစည်းအဝေးများ သီးခြားစီကျင်းပခဲ့ပြီး သဘောထား ထုတ်ပြန်ချက်များ ချမှတ်နိုင်ခဲ့သည်။

သက်ဆိုင်ရာ အစည်းအဝေးများတွင် ပါတီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များမှ ဝင်ရောက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကာလအတွင်း ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယူနိုက်တက်ရုရှားပါတီမှ တာဝန်ရှိသူများ၊ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ပါတီတာဝန်ရှိသူများ၊ ICAPP မှ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့နောက် CPP ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာဟွန်ဆန်နှင့် သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပါတီချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Credit - NV News Ageency

#သတင်းဟင်းလေးအိုးကြီး

imageimage
+6