နွားထိုးကြီးမြို့မရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ၊ ရဲဒုတပ်ကြပ်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရ
နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ မြို့မရဲစခန်းအတွင်းသို့ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ (၂၆)ရက် နံနက် (၈)နာရီ (၁၀)မိနစ်အချိန်က နွားထိုးကြီးမြို့နယ်၊ သမင်ဘေးကျေးရွာဘက်မှ နွားထိုးကြီးမြို့မရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဒရော့ဗုံး (၅)လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ (၄)လုံးသည် ရဲစခန်းအပြင်ဘက် မြင်းခြံ-ရေဝန်းသွား ကားလမ်းမတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး (၁)လုံးသည် ရဲစခန်းအမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ယင်းသို့ ရဲစခန်းအမိုးပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် စခန်းအမိုးသွပ်ပြားနှင့် မျက်နှာကျက် ပေါက်ကွဲသွားပြီး ရဲဒုတပ်ကြပ်တစ်ဦး၏ ယာဘက်ပေါက် ဗုံးစရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။
#centralnewsnaypyitaw
