8 w - Translate

Battery Swap လုပ်လို့ရမယ့် Changan ရဲ့ ပထမဦးဆုံး Oshan 520 လျှပ်စစ်ကား

Changan အနေနဲ့ Oshan 520 ကားက သူတို့ရဲ့ ပထမဦးဆုံး battery Swap လုပ်လို့ရတဲ့ လျှပ်စစ်ကားဖြစ်လာမယ်လို့ တရားဝင်ပြောကြားလိုက်ပါပြီ။ CATL ရဲ့ battery swap network နဲ့ လိုက်ရောညီထွေအသုံးပြုနိုင်မှာဖြစ်ပြီး Choco-SEB scalable batteries တွေကို လက်ခံနိုင်တယ်လို့ဆိုပါတယ်။

တကယ်တော့ Changan Oshan 520 က မော်ဒယ် အသစ်တော့ မဟုတ်ပါဘူး။ petrol-powered Changan Eado ရဲ့ PHEV variant Nevo A05 sedan ကနေ ဆင်းသက်လာတာဖြစ်ပြီး Changan Yida လို့လည်း လူသိများခဲ့ပါတယ်။ အခုဆိုရင်တော့ တရုတ်နိုင်ငံက Battery ထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CATL နဲ့ ပူးပေါင်းပြီး battery swap လုပ်လို့ရတဲ့ ကားအဖြစ် ဖန်တီးခဲ့တာပါ။ အဆိုပါသဘောတူညီမှုကိုတော့ နိုဝင်ဘာလ ၂၂ ရက်နေ့တုန်းက တရားဝင် လက်မှတ်ရေးထိုးခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ သဘောတူညီချက်တွေအရ Oshan 520 sedan က CATL ကနေ ထုတ်လုပ်တဲ့ second-gen Choco-SEB batteries တွေကို အသုံးပြုမယ့် ပထမဦးဆုံး EV ဖြစ်လာပါ။ Choco-SEB block တစ်ခုက 26.5 kWh ရှိပြီး range 200 km အထိ ရှိတယ်လို့ဆိုပါတယ်။ CATL’s battery swap technology နဲ့ လိုက်ရောညီထွေရှိတဲ့ကားတွေမှာတော့ block ၃ ခုအထိ သင့်တော်နိုင်ပြီး စုစုပေါင်း battery capacity 79.8 kWh အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ထွက်ရှိလာတဲ့ သတင်းတွေအရတော့ Oshan 520 ကားက reach 515 km (CLTC) အထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး 105-kW (141 hp) electric motor ကို ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Oshan 520 ကားက ၂ မိနစ်အတွင်းမှာတင် battery pack ကို လဲလှယ်နိုင်မယ်လို့ Changan ကနေ တရားဝင်ပြောထားပါသေးတယ်။

Changan 520 က အရွယ်အစားအားဖြင့် 4770/1840/1470 mm နဲ့ wheelbase 2765 mm ရှိပြီး curb weight ကတော့ 1,535 kg ရှိပါတယ်။

အစောပိုင်းမှာလည်း Changan အနေနဲ့ battery swap infrastructure and development အပိုင်းအတွက် Nio နဲ့ အတူ လက်တွဲလုပ်ဆောင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် Nio ရဲ့ ဘက်ထရီတွေက ternary NMC တွေ ဖြစ်တာကြောင့် Nio ရဲ့ network နဲ့ ကိုက်ညီမယ့် high-end Changan ကားတွေပဲ ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ဈေးသက်သာတဲ့ EV ကားတွေအတွက် CATL ရဲ့ battery swap အစီအစဉ်နဲ့ အရင်ဖြစ်လာတယ်လို့ ဖော်ပြနေပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် battery swap လုပ်လို့ရတဲ့ ကားတွေများလာတာကလည်း လျှပ်စစ်ကားလောက အတွက် ကောင်းမွန်တဲ့အ‌ရွေ့ တစ်ခုလို့ ပြောရင်တော့ မှားမယ်တော့မထင်ပါဘူး။ ဒါပေမယ့် လျှပ်စစ်ကားလို့ ပြောလိုက်တာနဲ့ နောက်ဆက်တွဲ ဘက်ထရီ‌ဈေးနှုန်းကြီးမြင့်တယ် ဆိုတဲ့ အမြင်တွေကို ပြောင်းလဲနိုင်မလားဆိုတာတော့ မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်လေးတွေလည်း မျှဝေပေးခဲ့ပါဦး။

image