8 w - Translate

ရိုသေ လေးစား ခံချင်ရင် ကိုယ်တိုင်ရော သူတစ်ပါးကို ရိုသေ လေးစားပါ။

ချိုသာတဲ့စကားလုံး နှစ်သက်ရင်
ကိုယ်တိုင်ရော စကားချိုချို ပြောပါ။

ရိုးသားတာ ကြိုက်ရင်
ကိုယ်တိုင်ရော ရိုးသားပါ။

အတင်းပြောတာ မကြိုက်ရင် ကိုယ်တိုင်ရော သူများ အတင်းအဖျင်း မပြောပါနဲ့။

မှန်တာ ပြောစေချင်ရင်
ကိုယ်တိုင်ရော မှန်သောစကား ပြောပါ။

ကူညီတာ လိုချင်ရင် ကိုယ်တိုင်ရော
အခွင့်အခါ သင့်သလို ကူညီပေးပါ။

အချစ်စစ် လိုချင်ရင်ကိုယ်တိုင်ရော
အချစ်စစ်သာ ပေးပါ။

အမှားနည်းတာ ကြိုက်ရင်
ကိုယ်တိုင်ရော အမှားနည်းအောင် နေထိုင်ပါ။

ကမ္ဘာကြီးအား မပြောင်းလဲခင် ဦးစွာ မိမိအတွက် ပြောင်းလဲသင့်တာ ပြောင်းလဲဖို့ လိုပါမယ်။

🤍🍂
#ᗩᒪoᑎᗴ

image