32 w - Translate

Toy Story ဇာတ်လမ်းတွေ ကြည့်ဖူးလား ။
အဲ့ထဲမှာ Lotso ဆိုတဲ့
Villain လေးတစ်ကောင်ပါတယ် ။

သူက ဇာတ်ကားတကားလုံး ၊
အစ အလယ် အဆုံး
ယုတ်မာခဲ့တဲ့ကောင်ပေါ့ ...

ဒီလို ဆိုးသွမ်းရက်စက်လှပါတယ်ဆိုတဲ့
Lotso ကို သူ့အတိတ်ရဲ့
တခနစာ Flashback လေးတခုထဲနဲ့
ကျွန်တော်ကတော့ နားလည်ပေးနိုင်ခဲ့တယ် ...

တကယ်တော့ Lotso ဟာလေ
သူသဘောအကျဆုံး
သူအချစ်ရဆုံး ၊
ဖြစ်တည်မှု တစုံဆီကနေ
အစွန့်ပစ်ခံခဲ့ရတဲ့ အရုပ်လေးတရုပ် ။
သူ့ဘ၀က လွယ်လွယ်ကူကူ
အစားထိုးခံလိုက်ရနိုင်ပါလားလို့
နားလည်သွားခဲ့တဲ့ အရုပ်လေးတရုပ် ...

Lotso မှားခဲ့တာ ဘာလဲသိလား ။
သူ့သခင်ဟာ သူ့အပေါ် မစွှန့်လွှတ်နိုင်လောက်အောင် ချစ်မယ်လို့ ၊
အထင်လွဲခဲ့မိခြင်းတခုပဲ ။

အတူတူ ကစားတယ် ၊ အတူတူ ပျော်ခဲ့တယ်
ပီးတော့ ချစ်ခဲ့ကြတယ်မို့လား ။
ဒီလောက်ဆို သူလဲ
သူ့ကိုသူ အရေးပါလှပီ ၊
အချစ်ခံရပီ ထင်ခဲ့မိမှာပေါ့ ...

ဒါပေမဲ့ တကယ်တမ်း
စွန့်လွှတ်ဖို့ ကြုံလာရတဲ့အခါကျရင်တော့လေ
သူမရှိလဲ ဖြစ်သွားမဲ့ လူတွေချည်းပါပဲ
ဆိုတာ သူနားလည်ခဲ့တယ် ...

ကျွန်တော်တို့ရော နားလည်ခဲ့ကြလား ...

ကျွန်တော်တို့လဲ Lotso လေးလို
အစွန့်ပစ်ခံရနိုင်တာပါပဲ ။
တကယ်လို့များ Lotso လေးလို ၊
ရုတ်တရတ် ပျောက်ကွယ်သွားလို့လည်း
အရေးတယူ လိုက်ရှာပေးမဲ့သူ
မရှိခဲ့တဲ့အခါ ...

လူတိုင်းက သူတို့ကိုပျော်ရွှင်နေစေလို့သာ
ဒီအချိန်ထိ သူတို့အနားမှာ
တယုတယထားတာလဲ ဖြစ်နိုင်တာပဲလေ ။

ကိုယ့်ကို လိုအပ်လို့သုံးနေကြပေမဲ့ ၊
မတော်တဆများ ‌ပျောက်ကွယ်သွားခဲ့ရင် ၊
တယုတယလိုက်ရှာမဲ့လူ ၊
ဆုံးရှုံးသွားရမှာကြောက်တဲ့လူလဲ
ရှိနေခဲ့မယ်မထင်ဘူး ။

ဒီလိုသာဆိုရင်
ကျွန်တော်တို့လဲ Lotso လေးလို
ဆိုးသွမ်းကောင်း ဆိုးသွမ်းသွားနိုင်ပါရဲ့ ...

ဒိလိုနဲ့ပဲ တချိန်ချိန်မှာတော့
အချစ်ဆိုတဲ့ အရာကို
မယုံကြည်နိုင်တော့တဲ့အခါ ...

ဒါဟာ ကိုယ်မချစ်တတ်ခဲ့လို့မဟုတ်ပဲ
အချစ်တွေလွန်ခဲ့ဖူးလို့လဲ ဖြစ်နိုင်တယ်မို့လား ။
Lotso ဆိုတဲ့
အစွန့်ပစ်ခံ အရုပ်ကလေးလိုပေါ့ ... 🧸

Credit : original writer

image