32 ပတ် - ဘာသာပြန်ပါ။

အကြောင်းရှိလို့ အကျိုးဖြစ်တာမို့
ကွေကွင်းမှု ပေါင်းစည်းမှုတွေအပေါ် မတုန်လှုပ်နဲ့
ရင်ဆိုင်ရဲတဲ့ သတ္တိရှိရမယ် သတ္တိမွေးမြူရမယ် ။

ဘဝထဲရှင်သန်ရမှာမို့ ရင့်ကျက်ဖို့လိုတယ်။ပညာတွေတတ်ဖို့လိုတယ် (ဆင်ခြင်နိုင်စွမ်းရှိဖို့လိုတယ်)။ တစ်ဦးတည်းရပ်တည်နိုင်ရမယ်။အသက်ရှင်နေတဲ့အချိန်မှာ ကိုယ်တိုင်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်ကသူတွေအတွက်ပါ တန်ဖိုးရှိအောင်နေရမယ် ။

ခွဲခွာရ အထီးကျန်ရခြင်းတွေအပေါ် ခဏခဏတွေးပြီး ဝမ်းနည်းတာမျိုး မလုပ်ပါနဲ့။ ဘာမှ အကျိုးမရှိဘူး။ ကျင်လည်ရာနေရာမှာ မေတ္တာပေး၊ စေတနာကောင်းထားပြီး ရှင်သန်🌱 ကံတူရာ ကံပါရာ လူအချင်းချင်းပဲ အတူနေရတာမို့ တွေးပြီး ဝမ်းမနည်းနဲ့။

မတုန်မလှုပ် ဖြစ်ဖို့ ရင့်ကျက်လာဖို့က ကျင့်ယူရတာမို့ အမြဲ ဆင်ခြင်ပြီးနေနော်။ဝမ်းနည်းစရာတွေ အခါခါ မတွေးပါနဲ့။ လက်ရှိအချိန်ကိုသာ တန်ဖိုးရှိအောင်နေလိုက်ပါ။ လက်ရှိအချိန်ကို အကောင်းဆုံးဖြတ်သန်းပြီးဝမ်းနည်းမှုတွေ မေ့ပျောက်ထားလိုက်ပါ။

°° ကံပါရင် ပြန်တွေ့မယ် ။ ကံမပါလို့မတွေ့လည်း ဝမ်းမနည်းနဲ့🍂တစ်ယောက်တည်း သတ္တိရှိရှိနဲ့ ရှင်သန် 🐚🤍 °°

#gizemczarina
#peaceofmind

image