မိုးညှင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ကိုဗဟိုပြု၍ ယနေ့ နိုဝင်ဘာ ၂၆ ရက်မွန်းလွဲပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
ယနေ့ နိုဝင်ဘာ ၂၆ ရက်မွန်းလွဲ ၂ နာရီ ၃၃ မိနစ် ၃၀ စက္ကန့်က မိုးညှင်းမြို့၏ အနောက်ဘက်(၂၇) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၇၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၉၀)ဒီဂရီ၊ အနက်(၂၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအား မြစ်ကြီးနားမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
