22 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကို IBEC ဆရာတော် တက်ရောက်

နိုဝင်ဘာ ၂၆

အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဗာတီကန်နန်းတော်၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ရာ IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အပါအဝင် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ရုရှား-ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ နှင့် အင်ဒို-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအားပြိုင်မှု၊ မြောက်ကိုးရီးယား၏ နျူးကလီးယားလက်နက်အရေးအစ ရှိသည့် ကမ္ဘာ့ငြိမ်းချမ်းရေးစိန်ခေါ်မှုများအပြင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိနိုင်ရေးကိုပါ တစ်ပါတည်းထည့်ဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် မြန်မာနိုင်ငံမှ IBEC ဆရာတော်ကို Universal Peace Council မှ အထူးဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image