အထည်ချုပ်ကဏ္ဍသို့ လက်ရှိတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်နေ
နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသို့ လက်ရှိတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်နေကြောင်း မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
“အထည်ချုပ်မှာ ရင်းနှီးမြှုပ်နှံမှုကဝင်တယ်။ တရုတ်တွေလာတာများတယ်။ ကိုရီးယားအနည်းအကျဉ်းရှိမယ်။ ဖက်စပ်လည်းရှိတယ်။ သူတို့ဟာသူတို့ ၁၀၀ ရာခိုင်နှုန်းလည်းရှိတယ်။ ဝင်တော့ဝင်နေတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
မြန်မာနိုင်ငံအထည်ချုပ်သို့ အော်ဒါအဓိက မှာယူနေသည့်နိုင်ငံများမှာ ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများဖြစ်ပြီး လက်ရှိတွင် ဥပရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ကျဆင်းလာသည့် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ ဂျပန်၊ တရုတ်၊ အီးယူနှင့် အမေရိကန်တို့မှ အော်ဒါမှာယူမှုပြန်များလာခဲ့သော ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ပြန်လည်တိုးတက်လာခဲ့ကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
၂၀၂၁ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် တချို့သော ဥရောပကုမ္ပဏီကြီးများ အော်ဒါမှာယူမှုရပ်သွားသည့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသို့ လက်ရှိတွင် ဥရောပနိုင်ငံများမှပင် အလတ်စားနှင့် အသေးစားကုမ္ပဏီများ၏ အော်ဒါမှာယူမှု ပြန်လည်မြင့်တက်နေကြောင်း သိရသည်။
#centralnewsnaypyitaw
