နေပြည်တော်က ညွှန်ချုပ်အိမ်ယာမှာ ဒရုန်းတစ်စင်းပျက်ကျ

နိုဝင်ဘာ ၂၆

နေပြည်တော်က ညွှန်ကြားရေးမှူးချုပ်တွေနေထိုင်တဲ့ အိမ်ယာဝင်းထဲကို နိုဝင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်း တစ်စင်းကျရောက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကိုယ်ထည် ၇ ပေ ရှည်ပြီး တောင်ပံ ၁၃ ပေရှည်တဲ့ Fixed Wing ဒရုန်းတစ်ခု ကျရောက်ခဲ့တာလို့ဆိုပါတယ်။

ဒရုန်းကျတဲ့ခြံဝင်းအနီးမှာ ကျန်းမာရေး၊ မီးသတ်နဲ့ ပညာရေးညွှန်ကြားရေးမှူးချုပ်တို့ နေထိုင်တဲ့ အိမ်တွေ ရှိနေတယ်လို့ သိရပါတယ်။

ပျက်စီးတဲ့အနေအထားနဲ့ မြေပြင်မှာ ပြန်တွေ့ရတဲ့ ဒရုန်းမှာတော့ ဗုံးသီးမပါပဲ GPS တပ်ထားတာကိုတွေ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

အဲဒီဒရုန်းကျမှုမှာ လူနဲ့ ပစ္စည်းထိခိုက်မှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Credit - BBC News

#သတင်းဟင်းလေးအိုးကြီး

image