32 ပတ် - ဘာသာပြန်ပါ။

တရုတ်နှင့် အီးယူသည် ရန်ဘက်များ မဟုတ်--ဝမ်ယိ

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ(အီးယူ) တို့သည် ရန်ဘက်များမဟုတ်ကြဘဲ မိတ်ဖက်များသာဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္လာနေ့(နိုဝင်ဘာ ၂၅) တွင် ပြောကြားလိုက်ပြီး နှစ်ဖက်စလုံးသည် သူ့ဘက် ကိုယ့်ဘက် စဉ်းစားတွေးခေါ်ကာ ပူးပေါင်းဆောင်ရွက်မှု ရရန် တောင်းဆိုခဲ့သည်။

ပေကျင်းတွင် လူဇတ်ဘတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဇာဗီယာ ဘက်တဲလ်နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် ဝမ်က ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တစ်ဖက်သတ်ဝါဒနှင့် အကာအကွယ်ပေးရေးဝါဒများ များပြားလာခြင်းကို ရင်ဆိုင်လာရစဉ်တွင် အီးယူအနေဖြင့် ၎င်း၏ မူလ ရည်မှန်းချက်ဆန္ဒအတိုင်း ဆက်လက်ရပ်တည်ကိုင်စွဲသွားရန်နှင့် အရေး ပါသော လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းရန် မိမိတို့ မျှော်လင့်ပါကြောင်းနှင့် တရုတ်-အီးယူ ဆက်ဆံရေး စဉ်ဆက်မပြတ်တိုးတက်ရန်နှင့် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တက်ရန်အတွက် လူဇင်ဘတ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိပါကြောင်း ဝမ်က ပြောဆိုခဲ့သည်။ Ref: ယူအက်စ်နူးစ်

image