32 w - Translate

ရောချင်တယ်ဆို တစ်ခြား ဟာမရောနဲ့ ဒီ BP Serum နဲ့ရော အသားဖြူပြီး ကြည်လာစေရမယ် 🍅🍅🍅
ဒီ Body Serum လေးက ဟိုးအရင်ထဲက တော်တော်များများလည်းသုံးကြတယ်...Review တွေလည်းကောင်းနေပေမဲ့ သောင်းကတော့ ခုမှပဲ သုံးဖြစ်တာပါ
သောင်းသုံးလေတာ ၁လနီးပါးရှိပြီ....ဘူးကတော့ တစ်ဝက် တိတိလောက်ကျိုးနေပြီ...အသားကြည်လာတယ်...အမာရွတ်တွေပါးသွားတယ်... မရှိသလောက်ကိုပါးသွားတာ...ဒူးတို့ ခြေမျက်စိလိုမျိုး မာပြီး မဲတဲ့နေရာတွေ တော်တော်လေး သက်သာလာတယ်
နောက်ပြီးသူ့ရဲ့ Texture အနေအထား....ကျဲကျဲနဲ့မို့လို့ Cream Type မကြိုက်ဘူးဆိုတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်...Cream Type လိမ်းရတာအဆင်မပြေတဲ့ သူတွေ ဒီ Serum နဲ့ ဆတူလောက်ရော လိမ်းပေးမယ်ဆိုရင် Moistuser Effects လည်း ပိုရတယ်... Texture လည်း ဆွဲရတဲ့အခါ လိမ်းရတာ ပျစ်ပျစ်ကြီးဖြစ်မနေပဲ ပိုလွယ်သွားတယ်😇
သောင်းကတော့ ၂နည်းလုံးသုံးဖြစ်တယ်...နေပူတဲ့ရက် ဆို ဒီတိုင်းလိမ်းတယ်...ဒီတိုင်းလိမ်းရင် Aloe Vera လို မျိုးလေးပဲ...အသားလည်းအေးတယ်
ညဘက် ဆို The Mix By Su က Avocado Cream လေးနဲ့ ရောလိမ်းတယ်...သူ့Cream က ပုံမှန်ထက် ဒီ Serum လေးနဲ့ တွဲလိမ်း တာပိုဆွဲရလည်းလွယ်လို့လေ 💓
ဒီ Serum က သူ့ချည်းပဲလိမ်းရင် တော်တော်လေးမွှေးတယ်...အသားထဲမှာလည်း အချိန်တော်တော်ကြာ စွဲနေစေတယ်
ပြီးတော့ ၁သောင်းပတ်ချာလည်နဲ့ 500ml ဘူးဆိုတော့ အကြိုက်သွန်ချပဲ 😅 အတုအစစ်လည်း မရှိတော့ ကြိုက်တဲ့နေရာကသာဝယ်
သူ့မှာ ပါတဲ့ Ingredients တွေထဲမှာ အသားကြည်ဖို့အသားပေးထားတဲ့ Niacimade ,Tomato ,Gluta
- အသားအရေ တင်းနေစေဖို့ Collegen
- Cream နဲ့ တွဲလိမ်းလည်း ပိုပြီး Moistuser ရစေဖို့ HYALURONIC က2မျိုးလောက်ပါသေးတယ်
- Fragrance တော့ Free မဖြစ်လို့ Fragrance နဲ့မတည့်တဲ့သူဆိုရင်တော့ မသုံးပါနဲ့နော်
ဒီ Serum က Skin ကို အားဖြည့်ပေးနိုင်တဲ့ Booster Serum အနေနဲ့ပါသုံးလို့ရပါတယ်
-သောင်းကတော့ Body Cream တစ်ခုခုနဲ့ရောလိမ်းရတာပိုသဘောကျပါတယ်
❗Scrub တိုက်ပြီးတဲ့အခါမျိုးလည်း လိမ်းပေးလို့ရပါတယ်နော်
မနက်ခင်းမှာ Body Suncream လူးဖို့တော့မမေ့ပါနဲ့နော်... ဘာမှမလိမ်းဘဲနေပူထဲထွက်မယ်ဆိုရင်တော့ ပိုမဲသွားပါလိမ့်မယ်
သောင်း ဒီ Serum လေးကို အခြေအနေလေးသေချာသိချင်လို့နေ့ရော ညရော အချိန်ပေးပြီးသေချာသုံးထားတာ..
သိသာလို့ Honest Review လေးပြန်လာပေးဖြစ်တာပါ[Not Sponsored]
နောက်Review လေးတွေမှာပြန်ဆုံကြမယ်နော်...ခုချိန်ထိ Support ပေးတဲ့တစ်ယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်
ဒီ Serum ကို BKK Os လေးတွေနဲ့ Cosmetic ဆိုင်တော်တော်များများမှာ ပုံပြပြီး မေးဝယ်နိုင်ပါတယ် ❣

#crd

image