32 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။​ဒေါ်နယ်ထရမ့်၏တရားမဝင်ခိုးဝင်လာသူများကိုအစုလိုက်အပြုံလိုက်ပြည်နှင်ဒဏ်​ပေးမည့်အစီအစဥ်ကိုအ​မေရိကန်လူထု၅၇%က​ထောက်ခံသည်။အ​မေရိကန်တွင်တရားမဝင်ခိုးဝင်​နေထိုင်သူ၁၁သန်းမှ၃၅သန်းအကြားရှိသည်။

၂။ရုရှား​လေ​ကြောင်း၏ဆူခွိင်းဆူပါဂျက်၁၀၀သည်တူရကီ​လေဆိပ်တွင်ဆင်းသက်စဥ်ယမန်​နေ့ညကအင်ဂျင်မီး​လောင်မှုဖြစ်ပွားခဲ့​သော်လည်းခရီးသည်များထိခိုက်ဒဏ်ရာမရခဲ့​ပေ။

၃။ရို​မေးနီးယားသမ္မတ​ရွေး​ကောက်ပွဲပထမအ​ကျော့တွင်ယူကရိန်းသိုလက်နက်နှင့်​ငွေ​ကြေး​ထောက်ပံ့ခြင်းကိုကန့်ကွက်သူအမျိုးသား​ရေးဝါဒီကားလင်း​ဂျောချ့်စကူကဦး​ဆောင်လျက်ရှိသည်။

၄။ယူကရိန်းနိုင်ငံခြား​ရေးဝန်ကြီး​ဟောင်းကူလီဘာကယူကရိန်းသည်ရုရှား၏တာလတ်ပစ်ဒုံးကျည်အိုရီရှက်နစ်ဖြင့်ထပ်မံတိုက်ခိုက်မည့်အ​ပေါ်စိုးရိမ်ပူပန်​နေ​ကြောင်း​ပြောကြားလိုက်သည်။

၅။ဗြိတိန်တွင်​ရွေး​ကောက်ပွဲအမြန်ဆုံးကျင်းပရန်လူ​ပေါင်းတစ်သန်း​ကျော်ကအွန်လိုင်းတွင်လက်မှတ်​ရေးထိုး​တောင်းဆိုလိုက်သည်။

၆။အင်္ဂလိပ်မဂ္ဂ​ဇင်းအီကိုနောမစ်ကစစ်ပန်း​နေ​သောယူကရိန်းစစ်သား၇၀%သည်ရုရှားကိုနယ်​မြေအချို​ပေးပြီးစစ်ကိုရပ်စဲရန်လိုလား​နေသည်ဟု​ဖော်ပြလိုက်သည်။

NOM