8 w - Translate

DV 2025 မဲပေါက်ထားသူများ.. မြန်မာကျောင်းသားများ.. သတိ"
သမ္မတထရမ့်.. ပထမသက်တမ်းမှာ.. မြန်မာနိုင်ငံသားတွေကိုလည်း.. အမေရိကားရွေ့ပြောင်းအခြေချခွင့်ဗီဇာပိတ်ဖူးပါတယ်..။ မိဘ.. ညီအကိုမောင်နှမ.. အိမ်ထောင်ဖက်ကို.. စပွန်ဆာပေးခေါ်ယူတာအပါအဝင်.. မဲပေါက်တဲ့.. DV သမားတွေကိုပါ.. ပိတ်ခဲ့တာပါ..။
Proclamation on Improving Enhanced Vetting Capabilities and Processes for Detecting Attempted Entry ဆိုပြီး.. January 31, 2020 နေ့မှာ.. အိမ်ဖြူတော်ကထုတ်တာပါ.။ ( ပူးတွဲကြည့်)
အဲဒီသမ္မတအထူးအမိန့်နဲ့ပါတ်သက်ပြီး.. ဇန်နဝါရီ ၃၁ ၂၀၂၀ မှာ.. ရန်ကုန်အမေရိကသံရုံးက.. ထပ်ဆင့်ထုတ်ပြန်ထားခဲ့ပါတယ်..( ပူးတွဲစာ)..။ထုတ်ပြန်ချက်မှာ.. အောက်ကအတိုင်း.. ရှင်းရှင်းလင်းလင်းရေးထားပါတယ်.။
" ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ မြန်မာနိုင်ငံသားများအတွက် ရွှေ့ပြောင်းအခြေစိုက်ပြည်ဝင်ခွင့်ဗီဇာ နှင့် ဒီဗီဗီဇာကို ထုတ်ပေးတော့မည် မဟုတ်ပါ။"

သံရုံးထုတ်ပြန်စာ.. သံရုံးရဲ့ FB မှာအခုထိရှိပါသေး..။ နှစ်လည်း.. ဘာမှမရှိသေးပါဘူး..။ ၅နှစ်နီးပါးပဲရှိပါသေး..၊
အဲဒီအမိန့်ကြောင့်... မြန်မာထောင်ချီ.. အမေရိကားကို.. ပြည်ဝင်ခွင့်ရပ်ဆိုင်းခံရပြီး.. ဘိုင်ဒန်သမ္မတဖြစ်တဲ့.. ပထမဆုံးနေ့ ၂၀၂၁ ဇန်နဝါရီ ၂၀ မှာ.. ထရမ့်အမိန့်တွေ.. ပယ်ဖျက်ပစ်လိုက်တာကြောင့်.. အိမ်ထောင်ဖက်တွေ... မိဘခေါ်တွေ. ပြန်ရခဲ့ပေမယ့်... DV မဲပေါက်သူတွေ..ဗီဇာ ပြန်မရတော့ပါ..။
အခု.. သူ့အထူးအမိန့်တွေ ( ‘Famous Travel Ban’) ကို.. ပြန်လုပ်မယ်လို့.. ထရမ့်ကိုယ်တိုင်.. ကန်ပိန်းမှာ.. စက်တင်ဘာ ၁၉ ၂၀၂၄ ပြောထားပါတယ်..
ပရော့ဂျက်၂၀၂၅ ခေါ်တဲ့.. စာမျက်နှာ ၉၀၀ ပါ.. ကွန်ဆာ့ဗေးတစ်တွေ.. လုပ်ထုံးကျမ်းမှာလည်း.. ရေးထားပါတယ်..။
https://time.com/7022828/trump........-travel-ban-refu
မေ့နေကြမှာစိုးလို့ပါ..။ 🙂
အထူးသဖြင့်.. DV 2025 မဲပေါက်ထားသူများ.. အိမ်ရောင်း/ခြံရောင်း.. အတိုးကြီးနဲ့.. ငွေတွေ.. ချေးငှားပြီး.. အပြီးဖေါင်ဖျက်မလာကြစေလို..။
ထရမ့်က.. ဇန်နာဝါရီ ၂၀ ၂၀၂၅ မှာ.. သမ္မတတက်လုပ်မှာမို့... အဲဒီနောက်ပိုင်းလာဖို့.. အင်တာဗျူးရပြီးဆိုရင်.. ဖောင်မဖျက်ပဲ.. ပလင်န်အေ.. ဘီထားလုပ်စေချင်ပါကြောင်း..။
ဗီဇာရှိတယ်ဆိုပြီး.. အမေရိကနိုင်ငံအပြင်ကို.. ထွက်လည်ဖို့.. မိခင်နိုင်ငံပြန်ဖို့.. ပြင်ဆင်ထားသူများရှိရင်လည်း.. ထရမ့်ကြီးသမ္မတကျမ်းကျိန်တက်လာမယ်.. ဇန်နဝါရီ ၂၀ ၂၀၂၅ မတိုင်ခင်.. လုပ်ကြစေချင်ပါတယ်..။ အဲဒီနေ့မှာ.. အမေရိကားကို.. ပြန်လာ.. ပြည်တွင်းမှာနေသင့်ကြောင်း.. နိုင်ငံခြားကျောင်းသားများအတွက်.. UMass က.. သတိပေးစာထုတ်ထားတာပါ..။ (ပူးတွဲ)
မြန်မာကျောင်းသားများ.. ဂရင်းကဒ်မရသေးမျသူများလည်း.. သတိထား.. ပြင်ဆင်.. ဖြစ်နိုင်ရင်.. အဲဒီနေ့နောက်ပိုင်းမှာ. အမေရိကပြည်တွင်းရှိကြစေလို..။

Trump Says He’ll Bring Back ‘Travel Ban’ | TIME
time.com

Trump Says He’ll Bring Back ‘Travel Ban’ | TIME

Speaking at an event about combating antisemitism, the former President and Republican nominee said he’d also ban refugees from Gaza from entering the U.S.