ရုရှားနိုင်ငံက လှူဒါန်းတဲ့ အကူအညီ ပစ္စည်း (၃၅)တန် နေပြည်တော် သို ရောက်ရှိ
နိုဝင်ဘာ ၂၅
ရုရှားနိုင်ငံက လှူဒါန်းတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပစ္စည်း (၃၅)တန် နေပြည်တော် သို နိုဝင်ဘာ ၂၄ ရက်နေ့က ရောက်ရှိလာခဲ့တယ်လို သိရပါတယ်။
အထောက်အပ ပစ္စည်းတွေကို ရုရှားနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တ ရာယ် သက်ရောက်မှုများတိုက်ဖျက်ရေးဆိုင်ရာဝန် ကြီးဌာန၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)နဲ့ Aquarius ကုမ္ပဏီများအုပ်စုတိုက လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
အဲ့ အကူညီ ပစ္စည်းတွေကို စက်တင်ဘာ လပိုင်းအတွင်းက ေရကြီးရေလျှံမှု ကြောင့် ပျက်စီးဆုံးရှုးခဲ့ကြရတဲ့ နေရာတွေမှာ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းတာ ဖြစ်တယ်လို ဆိုပါတယ်။
ပစ္စည်းတွေကို နေပြည်တော် လေဆိပ်မှာပဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက လွှပြောင်းပေးအပ်လက်ခံခဲ့ကြတယ်လိုလည်း သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး