ဝန်ကြီးချုပ်ဟောင်း ပြန်လွတ်ရေး ဆန္ဒပြသူတွေနဲ့ ပါကစ္စတန်ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်ပြီး လူရာချီ အဖမ်းခံရ
နိုဝင်ဘာ ၂၅
ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ နိုင်ငံလုံးဆိုင်ရာဆန္ဒပြပွဲရဲ့ တစိတ်တပိုင်းအဖြစ် မြို့တော်အစ္စလာမ္မာဘတ်မှာ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြနေပါတယ်။
အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို မပေးမချင်း မြို့တော်မှာဆန္ဒပြကြဖို့ ဝန်ကြီးချုပ်ဟောင်းရဲ့ နောက်ဆုံးဆန္ဒပြဖို့ တောင်းဆိုချက်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အသက် ၇၂ နှစ်အရွယ် အိုင်မရာခန်းဟာ အကျင့်ပျက်ချစားမှု စွဲချက်တွေကြောင့် ထောင်သုံးနှစ်ကျခံနေရပါတယ်။
သူကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။ တရားရေးဆိုင်ရာ ပြသနာတွေကြားမှာ သူ့ကို ထောက်ခံမှုတွေကတော့ ပါကစ္စတန်မှာရှိနေဆဲဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေကြောင့် အာဏာပိုင်တွေဟာ မြို့ကို ပိတ်ဆို့ခြင်း၊ အဝေးပြေးလမ်းတွေ ပိတ်တာအပါအဝင် အချို့နေရာတွေမှာတော့ မိုဘိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေးတွေကို ဖြတ်တောက်ထားပါတယ်။
ဒီကနေ့စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ကတော့ မျက်ရည်ယိုဗုံးတွေ အသုံးပြုဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ရာနဲ့ချီပြီး ယာယီဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးဖြစ်သူဟာလည်း ဒီဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်လို့နေပါတယ်။
ဆန္ဒပြသူတွေဟာ ကျောက်ခဲလိုအရာတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးကို ဆေးရုံတင်ထားရပါတယ်။ ဒီကနေ့မှာ ဆန္ဒပြသူတွေရဲ့ နောက်ဆုံးသွားလိုရာက ဝန်ကြီးချုပ်ရုံး၊ ပါလီမန်နဲ့ တရားရုံးချုပ်အပါအဝင် အရေးပါတဲ့ အစိုးရရုံးတွေတည်ရှိရာ ဒီချော့ရင်ပြင်ဖြစ်ပြီး ရဲတပ်ဖွဲ့လည်း လုံခြုံရေးအစီအမံတွေ လုပ်ဆောင်နေတာကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။
Ref:BBC
Photo:Getty Images
#centralnewsnaypyitaw