ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခမှုများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်ဟု ပြောသည်။
" ယုံကြည်မှုအပေါ် အခြေခံတဲ့ဆက်ဆံရေးဟာ စိန်ခေါ်မှုများစွာကို အတူတကွဖြေရှင်းနိုင်ပြီး အဆုံးမှာ ပိုမိုသဟဇာတရှိပြီး အတူတကွယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ထွန်းစေပါတယ်။ နိုင် ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေမယ်ဆိုရင် လွတ် လပ်သော်လည်း မငြိမ်းချမ်းတဲ့အခြေအနေကိုသာပေါ်ပေါက်စေမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အတွက်လည်း အန္တ ရာယ်ဖြစ်စေမည်ကိုသတိထားကြရန် လိုအပ်မည်ဟု ပြောသည်။
နစက သည် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံ ရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေး နွေးချက်များမှရရှိလာသည့် သဘောထားမှတ် ချက်များကို နောင်လာမည့်လွှတ်တော်အစည်း အဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ် တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကာ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဟု ပြောသည်။
" အခုအချိန်ဟာ တိုင်းရင်းသားညီအစ်ကိုမောင် နှမတွေအချင်းချင်းယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်တဲ့ အယူဝါဒတွေပယ်ဖျောက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်လေးစားချစ် ခင်မှုတွေနဲ့ပါဝင်လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးတည်ဆောက်ကြရမယ့် အချိန်အခါဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသည့် အခွင့်အရေးများကိုအသုံးချ ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စည်းလုံးညီညွတ်စွာဖြင့် အ ကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌက တိုက် တွန်းပြောကြားခဲ့သည်။