ကိုယ့်ကိုယ်ကိုပဲ သနားတယ်...
အခုလား ကျွန်မ ဘယ်သူ့ကိုမှ မသနားအားတော့ဘူး ကျွန်မကိုယ်ကျွန်မပဲ တဖြေးဖြေး သနားလာမိမယ် ဒီနေရာမှာ ငါမရှိရင် မဖြစ်ပါဘူးလေဆိုပြီး တွယ်ကပ်နေမိတာ တကယ်တမ်းကျတော့ ကိုယ်မရှိရင် ပိုပြီးပျော်နေမယ့်လူတွေမှန်းမသိခဲ့ဘူးလေ
နေရာတကာ ငါလုပ်မှ ငါရှိမှ အတ္တကြီးတာ မဟုတ်ဘူးနော် စိတ်မချခြင်းတွေနဲ့ ကိုယ်ကိုယ်ကို အပင်ပန်းခံနေမိတာ ပြီးတော့ အကောင်းလဲ အမြင်မခံရဘူးလေ နေရာတကာ ဆရာလုပ်ချင်တယ်ဆိုတဲ့ စကားသံတွေ သဲ့သဲ့လေး ပြန်ကြားရတော့ ခံစားရတယ် ။
အဆင်မပြေလို့ပါဆိုတဲ့ လူတွေကို ကူရင်း ကိုယ်တကယ်အဆင်မပြေတော့တဲ့အခါ ကိုယ့်အနား ဘယ်သူမှ ရှိမနေခဲ့တော့ဘူးလေ ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရတာ ကိုယ်တွေးသလို ဘယ်သူမှ တွေးမပေးတတ်ကြသလို ဘယ်သူမှလဲ ပြန်ငဲ့မကြည်ခဲ့ဘူး ။
အခုလား... မနည်းထူမနေရတဲ့ အခြေအနေလေ ဘယ်သူ့ကိုမှ မသနားချင်တော့သလို ဘယ်သူ့ကိူမှ မငဲ့ကြည့်ချင်တော့ဘူး ကျွန်မ ပင်ပန်းလာပြီ ပြီးတော့ နေရာတကာ ဝင်ခံစားပေးနေမိတဲ့ ကျွန်မကိုယ်ကျွန်မလဲ သနားလာပြီ ။
#ကျေးကို