#မိုးရာသီသဗြူသီးချဉ်ဟင်းချက်နည်း
......
သဗြူ သီးကို ထက်ခြမ်းခွဲပြီး အထဲမှ အဆံထုတ်ပါ
အပေါ်က ရင့်နေတဲ့ အစိမ်းရောင်အဖတ်ကို ဖယ်ပါ
အတွင်းသား ဖြူ နေတဲ့ အဖတ်ကလေးတွေကို
ပုံပါအတိုင် လေးစိတ်စိတ်ပြီးလျှင်
ငါးမိနှင့်ခန့် ရေထည့်ပြီးပြုတ်ပါ
ရေကို သွန်ပြီးလျှင် အဖတ်ကလေးတွေကို
ဇကာနှင့် စစ်ထားပါ
ပြီးလျှင် ငါး သို့/ ပုစွန်
ကြိုက်နှစ်သက်ရာ တစ်ခုခုကို
ငရုပ်သီးအနှစ် အနည်းငယ်နှင့် ရောပြီးဆီသတ်ပါ
ငရုပ်သီးညို လာလျှင် သဗြူ သီးပါ ရောပြီးဆီသတ်ပါ
ရေလိုသလောက်ထည့်ပြီး
သဗြူ သီးနူးပြီး အထဲမှ ငါးပုစွန်ကျက်လျှင်
ခံတွင်းကို ရှင်းစေသော သဗြူ သီးချဉ်ရေဟင်း
ရပါပြီရှင်။
