21 ပတ် - ဘာသာပြန်ပါ။

စပါးအသင်းကို ၄ ဂိုးပြတ်ရှုံးပြီးနောက် ခက်ခဲသည့်အချိန်ရောက်ရှိနေဟု မန်စီးတီးနည်းပြဝန်ခံ

ခက်ခဲတဲ့အချိန်ကာလကိုရောက်ရှိနေကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။

စနေနေ့က ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရတာပါ။

ကစားသမားတွေဟာ နိုင်ငံတကာပွဲစဉ်တွေကနေ ပြန်အလာနောက်ကျတာတွေရှိခဲ့တာကြောင့် လေ့ကျင့်ချိန်နည်းပါးခဲ့ပြီး ဟန်ချက်ညီမှုအားနည်းခဲ့ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

ထိပ်တန်းအဆင့်စွမ်းဆောင်ရည် ထုတ်မပြနိုင်ချိန်မှာ ရလဒ်မကောင်းတတ်တာက ထုံးစံဖြစ်ပြီး အသင်းရဲ့အခြေအနေက ခက်ခဲတဲ့အခြေအနေရောက်ရှိနေတယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးဟာ ဒီပွဲအရှုံးကြောင့် လီဗာပူးနဲ့ ၅ မှတ်ပြတ်သွားပြီး လီဗာပူးက လက်ကျန်တပွဲ အနိုင်ရခဲ့ရင် ၈ မှတ်အထိ ကွာဟသွားတော့မှာ ဖြစ်ပါတယ်။
DVB

image