မော်လမြိုင်မြို့၏ ဒုတိယအကြိမ်မြောက် အကြီးဆုံးနေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဒုတိယအကြိမ်မြောက် အကြီးဆုံးနေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့ နိုဝင်ဘာ ၂၃ ရက်နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ သရက်ကုန်းရှိ မွန်မင်းလမ်းအပန်းဖြေနားနေစခန်းတွင်ကျင်းပခဲ့သည်။
မြဆည်းဆာနှင့် နဂါးမောက်ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ ဆရာတော်၊ သံဃာတော် (၅၀၀၀)ပါးနှင့် သီလရှင်(၅၂၆)ပါးတို့ကို အလှူရှင်ဦးသောင်းထွန်း+ဒေါ်နန်းရိုစလင်း မိသားစုမှ နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ယနေ့ လှူဒါန်းမှုသည် ဒုတိယအကြိမ်ဖြစ်ကာ ၂၀၂၄ ခုနှစ်က ပထမတကြိမ်အဖြစ် ဆရာတော်၊သံဃာတော်(၁၆၀၀)ပါးကျော်အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။